Part 4

473 59 1
                                    

Soji: မမလေး ပြန်လာပြီ
ဟယ် ပိတ်စလေးတော့ အကိုတော် Junmyeon လက်ဆောင်ပေးလိုက်တာလား မမလေး
်ပိတ်စလေးက အရမ်းလှတာပဲနော် အဲဒါ နန်းဆောင်က မယ်မယ်တွေလောက်ပဲ ဝတ်နိုင်တာ မမလေးရဲ့ အရောင်လေးကစိုပြီးအိနေတာပဲနော် ငါ့မမလေးနဲ့ဆို အရမ်းလိုက်မှာ

Soo: အကိုတော်က သူ့ရဲ့မွေးနေ့ နန်းဆောင်မှာ ကျင်းပမဲ့ပွဲမှာ ဝတ်လာဖို့ လက်ဆောင်ပေးလိုက်တာSoji ရဲ့

Soji: ငါ့မမလေးကတော့ အရမ်းကံကောင်းတာပဲ byun အကိုတော်ကလည်း အရိပ်တကြည့်ကြည့် Kim အရှင်လေးကလည်း လက်ဆောင်တွေပါတွေပါးရတာနဲ့ ဟိဟိ အားကျလိုက်တာ မမလေးရယ် Soji တို့များတော့ ဒီတစ်သက်ယေကျာင်္းရဖို့တောင် မမြင်ဘူး

Soo: ဟဲ့ Soji ဘာတွေပေါက်တက်ကရပြောနေတာလဲ ကဲကဲ အိပ်တော့ မနက်ဖြန်နန်းတွင်း ခစားရဦးမယ်မို့လား

Soji ကိုပြောသာပြောလိုက်တာ သူ့ရင်ထဲမှာ အမျိုးအမည် မသိတဲ့ လှိုက်မောပျော်ရွှင်မှုလေး ရှိနေတာတော့ အမှန်ပင်
Soo အိပ်ယာလေးပေါ်တွင်လှဲရင်း ယနေ့ ဖြစ်ပျက်ခဲ့သော အကြောင်းအရာလေးများကိုပြန်လည်တွေးရင်း ရင်ခုန်နေမိသည်
Soo ရဲ့ နှလုံးကကို လွှမ်းမိုးထားနိုင်သူကိုတော့
Soo က လွဲပြီး ဘယ်သူမှ သိနိုင်မှမဟုတ်ပါ
.........................................................

နန်းတွင်းသူလေးတစ်စု သူတို့စိတ်ဝင်စားနေသော နေရာတစ်ခုသို့ ခြုံအကွယ်လေး တစ်ခုမှနေ၍ အလုအယက်ချောင်းနေကြသည်

နန်းတွင်းသူ ၁: ဟဲ့မိန်းမ ဟိုဘက်နဲနဲတိုးစမ်းပါဟယ် ငါမမြင်ရတော့ဘူးဟဲ့
နန်းတွင်းသူ ၂: ဟဲ့နင်ကလည်းချောင်းကြည့်နေတာ ဒီလောက်တော့ ရှိမှာပေါ့ဟဲ့ ဟိုဘက်တိုးဦး ငါကြည့်လို့မဝသေးဘူး
နန်းတွင်းသူ ၃: ဟဲ့ နင်တို့အသံတွေ တိတ်တိတ်နေစမ်း တော်ကြာ ဟိုကကြားသွားမှဖြင့်
ငြိမ်ငြိမ်စိမ်စိမ်နေကြစမ်း စိတ်ကူးတောင်ကောင်းကောင်းမရင်ရဘူး ဒင်းတို့ကြောင့်

နန်းတွင်းသူလေးတွေ အသည်းအသန်ချောင်းကြည့်နေသောမြင်ကွင်းမှာ မင်းသားလေး Junmyeon နှင့် စစ်မှုးလေး Baekhyun တို့ ဓားရေး ယှဉ်ပြိုင်ကစားနေသောမြင်ကွင်းပင်ဖြစ်သည်
နှစ်ယောက်လုံးလက်ရည်တူမျှပင်ရှိ၍ သူမသာကိုယ်မသာ ဓားရေးကစားချက်များက မြင်ရသူများအဖို့ ရင်သပ်ရှူမောဖွယ်ကောင်းလှသည်

The Curse of HateWhere stories live. Discover now