Part 3

517 66 2
                                    

အရှင်လေး အရှင်လေး ဘယ်ကြွတော်မူမလို့လဲ
Junmyeon: ကိုယ်တော် စိတ်မကြည်မလင်လို့ လမ်းခဏလျှောက်မလို့ပါ

အဆောင်တံခါးစောင့်: မိုးချုပ်နေပြီ အရှင်လေးရဲ့ သက်တော်စောင့် ၂ ယောက်လောက်ခေါ်သွားပါလား

Junmyeon: မလိုဘူး အထိန်းတော်ကြီးလည်းပါတာပဲ ကိုယ်တော်လည်း ခဏ တစ်ဖြုတ်လောက်တော့ လွတ်လွတ်လပ်လပ်နေပရစေ စိတ်တွေ အရမ်းကျည်းကျပ်နေပြီ

တံခါးစောင့်: အဲဒါဆိုလည်း အရှင်လေး သဘောအတိုင်းပါပဲ ညဥ့်တော့မနက်ပါစေနဲ့ ဘုရား အထိန်းတော်ကြီးလည်း အရှင်လေးကို သေချာဂရုစိုက်ပါ

Junmyeon: အထိန်းတော်ကြီး မြန်မြန်လာပါဆို နှေးတုပ်နှေးတုပ်နဲ့ Soo အိပ်ရာဝင်သွာဦးမယ် မြန်မြန်လာ ကိုယ်တော် ယူခိုင်းတဲ့ ပစ္စည်းကောပါရဲ့လား

အထိန်းတော်: ပါပါတယ် အရှင်လေးရဲ့ ပါပါတယ် ကျွန်တော်မျိုးတော့ ဒီထက်ပိုပြီးလျှောက်လို့ မရတော့ဘူး အမလေးမောလိုက်တာ ဟောဟဲဟောဟဲ

Soji: မမလေး မမလေး အရှင်လေး Junmyeon ကြွလာတယ်
Soo: ဟော်တော့ ငါ့ပုံ ကလည်း ဖရိုဖရဲနဲ့ Soji ကြည့်ပါဦး ငါ့ပုံကို အခုမတော့ကျစ်စံမြီးကျစ်ဖို့ မမှီတော့ဘူး ဒုက္ခပါပဲ ခုနကမှ အိပ်ခါနီးမို့ ဆံပင်ကို ဖျည်လိုက်တာ
အကိုတော်ကလည်းကြွလာတော့လည်း ညကြီးမိုးချုပ်

Soji: အမလေး ငါ့မမလေးက ဘယ်အချိန်ကြည့်ကြည့်လှ ပြီးသား ဆံပင်လေးချထားတော့ပိုတောင်လှသေးတယ်
အရှင်လေး ကြွလာပြီဆိုတာနဲ့ ဖြစ်သွားလိုက်တာ တစ်မနက်လုံးက မျက်နှာနဲ့ကို မတူဘူး ဟိဟိ
အော် ...ရော့ရော့မမလေး အပေါ်ဝတ်ရုံလေး

Junmyeon: မတွေ့တာကြာလို့လားတော့ မသိဘူး ရင်တွေခုန်လိုက်တာ
အထိန်းတော်: အရှင်လေး ဟိုမှာ မမလေးကြွလာပြီ
Junmyeon ကျောခိုင်းထားရာမှ ဖြေးဖြေးချင်း လှည့်ကြည့်လိုက်သည်
ထိန်ထိန်သာနေသောလမင်းကြီးအောက်တွင် လမင်းကြီးနှင့်အပြိုင်လှနေသော ကောင်မလေး လေပြေဝှေ့တိုင်းတွင် လွင့်နေသော သူမ၏ ဖတုံးရောင်ချယ် ဆံကေသာလေးတွေ
Junmyeon လောကကြီးနှင့် ခဏတာ အဆက်ပြတ်သွားသလို အသက်ရှူဖို့ပင် မေ့လျော့သွားခဲ့သည်

The Curse of HateWhere stories live. Discover now