Part 6

479 62 2
                                    

Soo: အကိုတော် Soo ကို လွှတ်ပါတော့ Soo ချမ်းလှပြီ အကိုတော်ရဲ့
Soo Baek ရဲ့ ရင်ခွင်ထဲက အတင်းရုံးထွက်နေတယ်
ဒါကို Baek ပိုတင်းကျပ်အောင် ဖက်လိုက်ပြီး

Baek : ချမ်းရင်ငါ့ကို ပြန်ဖက်ထားပေါ့ဟ

Soo: Soo အဆောင်က ထွက်လာတာကြာလှပြီ Soo ကို မယ်မယ်ရိုက်လိမ့်မယ် အကိုတော်ရဲ့ ပြန်ကြရအောင်ပါနော်

Baek: ငါ့ကို ချစ်တယ်လို့ပြန်ပြောရင် လွှတ်မယ်

Soo: အို ချက်ချင်းကြီးပြန်ပြောလို့တော့ ဘယ်ဖြစ်ပါ့မလဲ Soo စဉ်းစားပရစေဦး Soo သေချာ စဉ်းစားပြီးရင် အဖြေပြန်ပေးပါ့မယ်

Baek: ဒါဆိုလဲပြီးတာပဲ လာငါ အဆောင်ပြန်လိုက်ပို့ပေးမယ်

အိမ်အပြန်လမ်းကတော့ နှစ်ယောက်သား ကို့အတွေးနဲ့ ကိုမို့ တိတ်ဆိတ်ငြိမ်သက်လျက်... ခုနက ရင်ခုန်သံလက်ကျန်တွေက အရှိန်မသေသေး
Baek ကတော့ ကျေနပ်နေမိသည် သူ့ရဲ့ ရင်ခုန်သံစကားတစ်ချို့ Soo ကို ဖွင့်ပြောခွင့်ရလိုက်သိအတွက်......................................................

နောက်တစ်နေ့နံနက်တွင်တော့ နန်းတွင်းတွင် နန်းတွင်းစာမေးပွဲအောင်သူများအား အဆင့်ခွဲ၍ မင်းရာထူးချီးမြှင့်သော အခမ်းအနားအပြင် Junmyeon အား အိမ်ရှေ့စံရာထူး ချီးမြှင့်သော အခမ်းအနားပါ ကျင်းပလေသည်

Junmyeon တို့ Baekhyun တို့အပါအဝင်နန်းတွင်းမှ စာမေးပွဲအောင်သောကျောင်းသားလေးများ ၎င်းတို့၏ မိဘများပါ ရာထူးချီးမြှင့်ပွဲသို့ တက်ရောက်ကြသည်
ထို့ပြင် မင်းကြီး မိဖုရားကြီး စစ်သူကြီး မှုးကြီး အမတ်ကြီး နန်းတွင်းသူ နန်းတွင်းသားများ မြို့စားမင်းအသီးသီး တို့အပြင် မင်းကြီး၏ ညီတော်ရင်း Junmyeon ၏ ဦးရီးတော်ပါ တက်ရောက်လာခဲ့၏

Junmyeon အား အိမ်ရှေ့စံရာထူးချီးမြှင့်အပြီးတွင်
အိမ်ရှေ့စံ ကိုယ်တော်လေး သက်တော်ရာကျော်ရှည်ပါစေ
တစ်ညီတစ်ညာကောင်းချီးပေးကြလေသည်

ထို့နောက်တွင်ကား
Byun Baekhyunက စစ်သူကြီးရာထူးအားရရှိပြီး ကျန်ကျောင်းသားများကိုလည်း ရာထူးများ အသီးသီးချီးမြှင့်ခဲ့သည် လူတိုင်း ပျော်ရွှင်နေနိုင်ခဲ့သော်လည်း ဦးရီးတော်မှာမူ လုံးဝမကျေနပ်နိုင်ခဲ့ပင်

The Curse of HateWhere stories live. Discover now