Junmyeon နှင့် Baek မင်းကြီးကို လျှောက်ထား၍ မနက်စောစော နန်းတွင်းမှ ထွက်လာခဲ့သည်
Junmyeon တိုင်းပြည်၏ အခြေအနေကို ကြေနပ်အားရမိသည် တိုင်းသူပြည်သားအားလုံး အေးချမ်းစွာ ရောင်းဝယ်လုပ်ကိုင်စားသောက်ကြသည် ကြီးနိုင်ငယ်ညှင်းမရှိ ညီညီညွတ်ညွတ် နှင့် တစ်ဦးပေါ် တစ်ဦးလည်း မေတ္တာထားကြသည်
Junmyeon နဲ့ Baek တိုင်းပြည်တွင်း အတန်ကြာ လှည့်လည် ကြည့်ရှုပြီးနောက်…
Junmyeon: Baek မွန်းလည်းတည့်ပြီ ငါတို့ စားသောက်ဆိုင်တစ်ခုမှာ တစ်ခုခုစားရအောင်ကွာ
Junmyeon နှင့် Baek စားသောက်ဆိုင်တစ်ခုသို့ဝင်ပြီး စားသောက်နေကြစဉ် Junmyeon ၏ နောက်မှ လူနှစ်ယောက်စကားပြောသံကို နားစွင့်လိုက်မိသည်
1: သူ့လက်အောက်မှာ အလုပ်လုပ်ရတာ တကယ်မလွယ်ပါဘူးကွာ အရမ်းခိုင်း အရမ်းမောက်မာပြီး အရမ်းရိုင်းတာကွ အာကဓိကလည်းလိုက်စားသေးတယ်
2: ဟုတ်တယ်ကွ ဒီလူကြီး တကယ်မလွယ်ဘူး ငါတို့လည်း မိသားစုစားဝတ်နေရေးကြောင့်သာ သည်းခံပြီးလုပ်နေရတာကွ အပျော်အပါးကလည်းမက်လိုက်တာကွာ တစ်နေ့တစ်နေ့ သေရေကလည်း မပြတ် ဆောင်ကြာမြိုင် အပျော်မယ်တွေနဲ့လည်း ညတိုင်းကဲလို့
Junmyeon သေချာ နားစွင့်၍ နားထောင်နေသည်
1: ဟုတ်တယ်ကွ ဒါတောင်သူက ဘုရင်ဖြစ်ထိုက်တဲ့သူလို့ ကြွေးကြော်နေသေးတယ် သူသာ ဘုရင်ဖြစ်လို့ကတော့ တို့တိုင်းပြည် ချွတ်ခြုံကြသွားမှာကွ
2: ဟုတ်ပါ့ကွာ ကဲကဲ မြန်မြန်စား ဆိပ်ကမ်းမှာ သဘောင်္ကပ်တော့မှာကွ နောက်ကျနေဦးမယ်
1: အေးပါကွာ ငါတို့လည်း ဒီလို ကိစ္စတွေ မလုပ်ချင်တော့ပါဘူးကွာ မတတ်နိုင်လို့ကွ
Junmyeon သေသေချာချာနားထောင်ပြီး အလေးအနက် စဉ်းစားနေသည်
Baek လည်း အခြေအနေအားလုံးကို ရိမ်မိနေသည်……
Junmyeon တို့စားသောက်ဆိုင်မှ အထွက်
Junmyeon: Baek မင်းဒီနေ့ တာဝန်ကျေပါတယ်ကွာ ကဲမင်းနန်းတွင်းထဲပြန်လိုက်ဦးနော် ငါသွားစရာလေးရှိသေးလို့
YOU ARE READING
The Curse of Hate
Romanceအိမ်ရှေ့စံမင်းသားလေး Kim Junmyeon ကိုယ်ရံတော်စစ်သူ Byun Baekhyun နှင့် နန်းတွင်းအမတ်ကြီးသမီး Do Soo တို့၏ ကြီးမားသောသံယောဇဉ်များကြားတွင်ဖြစ်ပေါ်လာသော အချစ်များ... Kim Junmyeon နှင့် Byun Baekhyun တို့၏ Soo အပ်ါထားရှိသောအချစ်များကြောင့် နှလုံးသားချင်...