အထိန်းတော်: တော်သေးတာပေါ့ အရှင်လေးရယ် တစ်ခုခု အမှား အယွင်းဖြစ်သွားမှာစိုးလို့ ကျွန်တော်မျိုး စိတ်ပူလိုက်ရတာ ရော့ အရှင်လေး အဝတ်အစားတွေ လဲလိုက်ဦး ပြီးရင်နန်းတွင်းထဲ မြန်မြန်ပြန်ရအောင် လာလာ
အခစားဝင်ဖို့နောက်ကျနေမယ်Junmyeon စကား တစ်ခွန်းမှ မပြောပဲ နန်းတွင်းသို့ ခေါင်းငိုက်စိုက်ချပြီးပြန်လာခဲ့သည်
Soo ကို ဘယ်လိုတောင်းပန်ရမလဲ ပြီးတော့ Soo နဲ့ Baek များ ချစ်သွားကြပြီလား
Soo ကကော သူ့ကို စိတ်နာသွားပြီလား အတွေးပေါင်းစုံနဲ့ပေါ့……အထိန်းတော်ကြီးလည်း Junmyeon ၏ အခြေအနေကို ရိပ်မိ၍ ဘာမှမမေးတော့
Junmyeon နန်းတွင်းတွင် တာဝန်ထမ်းဆောင်နေစဉ် တစ်ချိန်လုံး စိတ်က Soo ဆီမှာပဲရောက်နေသည် Baek ကိုလည်းမမေးရဲ
Baek ဆီက သူမကြားချင်တဲ့ အဖြေမျိုးကြားလိုက်ရမှာကိုလည်း မလိုလား
Junmyeon စိတ်တွေ အရမ်းမွန်းကြပ်လာသည် နောက်ဆုံးတွင် စာတစ်စောင်ရေးပြီး အထိန်းတော်ကြီးကို Soo ဆီရောက်အောင်ပေးရန်မှာကြားလိုက်သည်
………………Junmyeon:…နန်းတွင်းကအခြေအနေတွေအားလုံးတည်ငြိမ်အေးချမ်းနေရုံနဲ့မလုံလောက်သေးဘူး Baek ငါကတော့ နန်းတော်အပြင်ဖက်ကိုထွက်ပြီး အသေးစိတ်အခြေအနေတွေကို အကဲခတ်ချင်သေးတယ်
Baek: မင်းက အိမ်ရှေ့စံမင်းသားပဲ ဒါတွေ လုပ်ဖို့မလိုအပ်ပါဘူး သူငယ်ချင်းရာ သူ့ရဲ့ ဆိုင်ရာ အရာရှိတွေတာဝန်ယူပါလိမ့်မယ်
Junmyeon: လိုတာပေါ့ Baek ရဲ့ အများကြီးပိုလိုအပ်တာပေါ့ မင်းကြီးတို့ အိမ်ရှေ့စံမင်းသားတို့တွေက တိုင်းတူပြည်သားတွေနဲ့ ထိတွေ့မှု အလွန်နည်းတယ် တာဝန်ရှိတဲ့သူ အဆင့်ဆင့်နဲ့ပဲ လွှဲအပ်ထားရတာဆိုတော့
အဲဒီတော့ နောင်တစ်ချိန် ထီးနန်းကို ဆက်ခံရမယ့် မင်းသားတစ်ပါးအနေနဲ့ ပြည်သူတွေနဲ့ ပိုပြီးထိတွေ့သင့်တယ်လို့ငါထင်တယ် ဒါမှ သူတို့တွေဘာတွေလိုအပ်နေလဲ ငါတို့သူတို့တွေအတွက်ဘာတွေလုပ်ပေးဖို့လိုလဲသိနိုင်မှာပေါ့
ပြီးတော့ ကုန်သွယ် ရောင်းဝယ်ဖောက်ကားမှုတွေကော အဆင်တပြေ မျှမျှတတရှိရဲ့လား ပြည်သူပြည်သားတွေအားလုံးကော အေးအေးချမ်းချမ်းနဲ့လုံခြုံမှုတွေကောရှိရဲ့လား
YOU ARE READING
The Curse of Hate
Romanceအိမ်ရှေ့စံမင်းသားလေး Kim Junmyeon ကိုယ်ရံတော်စစ်သူ Byun Baekhyun နှင့် နန်းတွင်းအမတ်ကြီးသမီး Do Soo တို့၏ ကြီးမားသောသံယောဇဉ်များကြားတွင်ဖြစ်ပေါ်လာသော အချစ်များ... Kim Junmyeon နှင့် Byun Baekhyun တို့၏ Soo အပ်ါထားရှိသောအချစ်များကြောင့် နှလုံးသားချင်...