Chapter 1

3.7K 194 4
                                    

မှုန်မှိုင်းအုံမဲနေသော ကောင်းကင်ကြီးအောက်တွင် လူသားများအားလုံး နေ့စဉ်သွားလာလှုပ်ရှားနေကြအတိုင်း မပြောင်းလဲဘဲ သွားလာလှုပ်ရှားနေကြသည်.. ထိုသူများထဲတွင် yunhoတစ်ယောက်လည်း အပါအ၀င်ဖြစ်သည်.. အိမ်အတွက်လိုအပ်သော စားစရာ အသုံးအဆောင်များဝယ်ရန် စတိုးဆိုင်အတွင်းသို့ ၀င်လာခဲ့သည်.. တစ်ယောက်တည်းနေသော သူ့အတွက်တော့ များများစားစားဝယ်စရာမလို.. အဓိကကတော့ သူငယ်ချင်းများလာလျှင် အဆင်သင့်ဖြစ်နေစေရန် အသင့်စားခေါက်ဆွဲခြောက်များ ဘီယာဘူးများ အမြည်းများကိုသာ ဦးစားပေးဝယ်ယူရသည်..

ကောင်တာတွင်ငွေရှင်းပြီး ထွက်လာစဉ်မှာပင် မိုးမှာ အညှိုးကြီးစွာ သည်းကြီးမည်းကြီးရွာသွန်းတော့သည်.. ထီးပါလာသော်လည်း မိုးစဲမှအေးအေးဆေးဆေးသွားမည်ဟု စဉ်းစားလိုက်ပြီး ဆိုင်အမိုးအောက်တွင် ခိုနေလိုက်သည်.. သူ့လိုပင် အမိုးအောက်တွင် လူအများအပြားမိုးခိုနေကြသည်ကို မြင်နေရသည်..

သည်းထန်စွာရွာနေသော မိုးစက်လေးများကိုကြည့်ရင်း သီချင်းတပုဒ်ကို လေချွန်ရင်း ညီးနေလိုက်သည်.. ထိုစဉ် ရုတ်တရက်လက်ကိုဆောင့်ဆွဲခံလိုက်ရသောကြောင့်အထိအတွေ့ကြောင့် yunho လန့်ပြီးကြောင်သွားသည်.. ရှေ့မှ သူ့လက်ကိုဆွဲကာ တက်စီဆီသို့ အတင်းဆွဲခေါ်သွားသောကောင်လေးတစ်ယောက်.. ရှေ့က ကောင်လေးက အနောက်ကိုလုံးဝလှည့်မကြည့်ဘဲ မိုးရွာထဲတွင် အတင်းသူ့လက်ဆွဲကာ တက်စီဆီသို့ အပြေးသွားနေသည်.. အနောက်ဘက်မှ အော်ခေါ်သံတချို့ကြောင့် သူ့ကို လူမှားဆွဲခေါ်သွားမှန်း Yunho သိလိုက်သည်.. ပြန်ပြောချိန်မရဘဲ သူကိုယ်တိုင်ကြောင်နေစဉ် သူ့ကိုဆွဲခေါ်သွားသော လက်ဖြူဖြူလေးမှာ ချစ်စရာကောင်းနေသည်ကို သတိထားမိသည်..

တက်စီနားရောက်တော့ ကားတံခါးဆွဲဖွင့်ပြီး နောက်ကိုပြန်လှည့်ကြည့်လိုက်သောအခါမှ ထိုကောင်လေး သတိထားမိသွားပုံရသည်.. မိုးရေတွေ တဖွဲဖွဲကျနေချိန် အကြည့်နှစ်ခုတို့ဆုံစဉ်ခဏ သူအသက်ရှုရပ်သွားသည်.. တကမ္ဘာလုံး ရပ်တန့်သွားသလို ခံစားမိသည်.. မျက်လုံးလေး... မျက်လုံးလေးတစ်ခုကိုပဲ သူကွက်မြင်မိသည်.. ကောင်းကင်မှကြယ်လေးလို ထွန်းလင်းတောက်ပနေသည့် ထိုမျက်လုံးလေးက ပတ်ဝန်းကျင်မှအရာအားလုံးကို မေ့လျော့သွားအောင် စွမ်းဆောင်နိုင်သည်.. ၀ိုင်းစက်နေသော မျက်ဆံနက်လေးကို ရှည်လျားကော့ညွှတ်နေသော မျက်တောင်လေးများနှင့် ခြယ်သထားသည်.. လှပသေသပ်သော မျက်ရစ်လေးက မျက်လုံးအ၀ိုင်းလေးကို ပိုမိုလှပစေရန် ပံ့ပိုးထားသည်.. သမင်မျက်လုံးဆိုသည်မှာ ထိုမျက်လုံးမျိုးကိုခေါ်သလားသူမသိ.. သူသိတာကတော့ တစ်ခါမြင်မိလျှင် တသက်လုံးမမေ့နိုင်လောက်သော မျက်ဝန်းလေးကိုသာဖြစ်သည်.. မျက်လုံးလေးတစ်စုံက သူ့ကို ဒီလောက်ဆွဲဆောင်ထားနိုင်သလား.. အခုအရွယ်အထိ ရင်ခုန်ဖို့ကိုမေ့လျော့နေခဲ့သော ကျွန်တော့ရင်အစုံမှာ ထိုမျက်ဝန်းလေးကြောင့် ရင်ခုန်နှုန်းထိန်းချုပ်ဖို့ ခက်ခဲလာသည်...

Endless LoveWhere stories live. Discover now