Chapter 10 ( Last Episode )

2.3K 203 33
                                    

ဒီနေ့ ညအိပ်တော့ ထူးထူးခြားခြား yunho hyungကို အိပ်မက်မက်သည်.. မိုးလင်းတော့လည်း စိတ်ထဲမှာ တမျိုးကြီးခံစားနေရသည်.. တခုခုထူးခြားတာ ဖြစ်မည်ဟုလည်း စိတ်ထဲက အလိုလိုသိနေသလိုပင်.. စဉ်းစားမိတာကတော့ yunho hyung သူ့ကိုဖွင့်ပြောတော့မည်လားမသိ.. လူတိုင်းလိုလို ဒီအခြေအနေမျိုးကိုကြုံဖူးမှာပင်.. ကိုယ့်ကိုတိတ်တခိုးချစ်နေသူကို စိတ်ထဲကသိနေတာမျိုးပေါ့.. အကြည့်တချက် အပြုအမူတခုစီတိုင်းမှာ နူးညံ့ညင်သာမှုတွေ ချစ်ခင်မြတ်နိုးမှုတွေ ပျော်ဝင်နေတာကို မသိစိတ်က အလိုလိုခံစားမိသည်..

ထိုအမျိုးအမည်မသိသောခံစားမှုမျိုးကို Yunho hyungနဲ့ရှိနေတိုင်း သူခံစားရသည်... စတွေ့ကတည်းက နွေးထွေးနူးညံ့သိမ်မွေ့လွန်းသော မျက်လုံးများကြောင့် သူသတိထားမိခဲ့သည်.. yunho hyungအနားမှာရှိတိုင်း စိတ်ရောကိုယ်ပါ လုံခြုံသောခံစားမှုကို သူသိပ်နှစ်သက်ခဲ့သည်.. အထူးသဖြင့် Changmin သူ့ကိုထားခဲ့သည့်ရက်တွေမှာ yunho hyungဆီက နွေးထွေးမှုတွေကို သူ ခံစားပြီးရင်း ခံစားချင်သည်.... ပြီးတော့ yunho hyungဆီက အချစ်တွေကို မသိစိတ်ထဲကအလိုလိုခံစားမိသည်.. ထိုသို့သော လုံခြုံနွေးထွေးသိမ်မွေ့စေသော ခံစားမှုတွေကပဲ Yunho Hyungအပေါ်ပြောင်းလဲလာသည့် သူ့နှလုံးသား၏အဓိကသော့ချက်ဖြစ်နိုင်သည်... yunho hyungကို ချစ်သလားဟု သူ့ကိုယ်သူပြန်မေးမိသည်.. မတိကျ မသေချာသော အဖြေတွေသာ ခေါင်းထဲမှာ ပေါ်လာသည်.. ချစ်သည်ဆိုသည့်အရာထက် ယုံကြည်အားကိုးတွယ်တာသည်ဆိုသည့်အရာက အလေးသာသည် ထင်သည်..

" ဒေါက် ဒေါက်"

ကလေးကို ရင်ခွင်ထဲပွေ့ကာ နို့ဘူးတိုက်နေရင်း ဆေးရုံအခန်းတံခါးခေါက်သံကြားမိသည်.. yunho hyungလာပြီဆိုသည့်အသိက သားလေးရော သူပါ ရင်ခွင်ထဲနွေးထွေးသွားစေသည်..

" ၀င်လာခဲ့လေ Hyung .. တံခါးဖွင့်ထားတယ်.. ဒီမှာ ကလေးနို့တိုက်နေလို့"

တံခါးလက်ကိုင်ကို ဖြည်းညင်းစွာလှည့်ရင်း ၀င်လာသူကို ကြည့်မိတော့ Jaejoongတယောက် အံ့သြတုန်လှုပ်မှုတို့ဖြင့် ကမ္ဘာမြေကြီးတခုလုံး ရပ်တန့်သွားတော့သည်..

" Jae~~~"

" ဟင်"

တံခါးဝမှာ ရပ်နေသောသူက သူလုံးဝမျှော်လင့်မထားသောသူ .. Shim Changmin... တစ်နှစ်အကြာမှာ ပြန်တွေ့ရသည့် Minပုံစံမှာ အရင်ကထက် အနည်းငယ်ပိန်သွားသည်မှအပ ထူးထူးခြားခြားပြောင်းလဲသွားခြင်းမရှိပေ.. ပြောင်းလဲသွားသည်က မျက်လုံးတွေ.. အရင်လို ပျော်ရွှင်တက်ကြွနေသောမျက်လုံးတောက်တောက်လေးများမဟုတ်တော့.. မှုန်မှိုင်းရီဝေနေသော မျက်လုံးများသို့ ပြောင်းလဲသွားသည်.. ခြုံပြောရလျှင် တနှစ်အတွင်း လူကြီးဆန်ဆန် ရင့်ကျက်သွားသော Shim Changminကို သူ့ရှေ့မှာမြင်တွေ့လိုက်ရသည်..

Endless LoveWhere stories live. Discover now