Chapter 5

1.4K 137 6
                                    

တစ်ပတ်ခန့်ကြာသည်အထိ Changmin၏သတင်းကို အစအနပင် မကြားရပါ.. တဖြည်းဖြည်းနှင့် သူတို့၏စိုးရိမ်ရေမှတ်များ အဆုံးအထိမြင့်တက်လာကြသည်..

" ငါတို့ သူ့အဖေဆီသွားမေးကြရင်ကောင်းမလား Yoochun"

" အေး ဘာပဲဖြစ်ဖြစ် ရှင်းရှင်းလင်းလင်းသိရအောင် သွားမေးကြရအောင်"

" ဒါပေမယ့်..."

သူတို့ချီတုံချတုံဖြစ်နေကြသည်.. Changminအဖေမှာ အရင်တုန်းက သူတို့နှင့်ရင်းနှီးသော်လည်း Changminကိစ္စကို သူတို့ကူညီလိုက်မှန်းသိရသောအခါ သူတို့ကိုပါ အခေါ်အပြောမလုပ်တော့ချေ..နောက်ဆုံးတော့ စိတ်ဒုံးဒုံးချလိုက်ကြပြီး Changminအိမ်သို့ထွက်ခဲ့တော့သည်..

ဤသို့ဖြင့် သုံးယောက်သား Changminတို့ အိမ်ရှေ့ကို ရောက်လာကြသည်.. ခြံပေါက်ဝမှာ ဘဲလ်တီးရင်ကောင်းမလား မတီးရင်ကောင်းမလား ဝေခွဲမရဖြစ်နေစဉ် ခြံထဲမှ ကားမည်းကြီးတစ်စင်း ထွက်လာလေသည်..

" ဟေ့ကောင်တွေ အဲဒါ Changminအဖေကားမဟုတ်လား"

" ဟုတ်တယ်ဟ.. မြန်မြန်လိုက်ရအောင်"

ကားနောက်မှ အမောတကြီးပြေးလိုက်လာကြသော သုံးယောက်ကို Mr. Shim မြင်တော့ ကားရပ်ခိုင်းပြီး ကားမှန်တံခါးချလိုက်သည်..

" ဘာကိစ္စရှိလို့လဲ"

" ဦးလေး..Changminလေ.."

" သူ့အကြောင်းဆို ငါ့ကိုဘာမှလာမပြောနဲ့.. သူက ငါ့သားမဟုတ်တော့ဘူး.. ငါနဲ့လည်း ဘာမှမဆိုင်တော့ဘူး"

" မဟုတ်..ဟုတ်.."

သူတို့စကားတောင်မဆုံးသေး.. မှန်တင်ပြီး ကားကိုမောင်းထွက်သွားလေသည်.. နောက်ဆုံးတော့ ခေါင်းငိုက်စိုက်ချပြီးသာ ပြန်လာခဲ့ရတော့သည်..

" ဒီလိုပြောတယ်ဆိုတော့ Minnieက သူ့အိမ်မပြန်တာ သေချာနေပြီ"

" အေး ဟုတ်တယ်"

" ဒီကောင်လေး ဘယ်တွေများသွားနေသလဲကွာ.. ငါတို့ကို စိတ်ပူအောင်တော်တော်လုပ်တာပဲ"

"ဒါပေမယ့် မင်းကြည့်စမ်း..သူတို့ခြံထဲမှာ ပြိုင်ကားတွေ့လား"

" တွေ့တယ်လေ.. အဲဒါ changminကားလေ"

" အေး မင်းတို့သတိထားမိလား.. Changminအိမ်ကထွက်သွားကတည်းက သူတို့ဒီကားကို ဂိုထောင်ထဲထည့်သိမ်းထားတာ.. အခုမှအပြင်ထုတ်ထားတယ်ဆိုတော့ ..."

Endless LoveTahanan ng mga kuwento. Tumuklas ngayon