Chapter 8

1.3K 138 8
                                    

" မဟုတ်မှလွဲရော ဒါjaejoongများလား"

" ဟာာ မဟုတ်ပါဘူး"

မျက်စိပျက်မျက်နှာပျက်နှင့်ငြင်းနေသော Yunhoကြောင့် သူတို့အထင်လုံးဝမှန်ကန်ကြောင်း သိသွားသည်..

" ဟေ့ကောင် မင်းနဲ့ ငါတို့ပေါင်းလာတာ ဘယ်အရွယ်ကတည်းကလဲ ပြန်တွေးကြည့်စမ်း.. မွေးခါစတည်းကတွေ့လာတဲ့ မင်းမျက်နှာကို ငါတို့က ဒီလောက်တောင်မဖတ်တတ်ဘူးလို့ မင်းထင်နေလား"

Yoochunစကားကြောင့် Yunho နဖူးဝယ်ချွေးတွေစိမ့်ထွက်လာသည်..

" ငါတို့ကို အမှန်အတိုင်းပြောစမ်း"

" ဟူး..."

သက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်ကာ လိမ်လို့မရမယ့်အတူတူ အမှန်အတိုင်းဝန်ခံဖို့ဆုံးဖြတ်လိုက်သည်..

" ဟုတ်တယ်.. အကြင်နာမျက်ဝန်းလေးက Jaejoongပဲ.. ဒါပေမယ့် အဲဒီတုန်းက ငါတကယ်မသိခဲ့ဘူး.. သူ့ကို Minnieရဲ့ချစ်သူဆိုတာ သိလိုက်ရချိန်မှာ ငါ့ရင်တွေတစ်ခုလုံးပေါက်ကွဲမတတ်ပဲ.. ငါ အကြင်နာမျက်ဝန်းလေးကို ဘယ်လောက်စွဲလမ်းခဲ့လဲဆိုတာ မင်းတို့ အသိဆုံးပါ.. ဒါပေမယ့် ငါ ငါ့ညီလေးရဲ့ချစ်သူမှန်းသိပြီးချိန်ကစပြီး Jaejoongကို စိတ်နဲ့တောင် မပြစ်မှားခဲ့ပါဘူး.. Minnieရဲ့ချစ်သူမှန်းသိချိန်ကစပြီး အတတ်နိုင်ဆုံး ကိုယ့်စိတ်ကိုကိုယ်ဖြူစင်သန့်ရှင်းအောင်ထားခဲ့တယ်.. ခုချိန်ထိလည်း ဖြူစင်အောင်ကြိုးစားနေဆဲပါ"

Yunhoစကားကြောင့် နှစ်ယောက်လုံး ခေတ္တတိတ်ဆိတ်သွားသည်... Yunho ဘယ်လောက်အထိ အဲဒီမျက်ဝန်းလေးတွေကိုစွဲလမ်းခဲ့လဲဆိုတာ သူတို့အသိဆုံးပင်.. ကံကြမ္မာသည် ထူးဆန်းအံ့သြဖွယ်ရာတွေကို ဖန်တီးပေးတတ်သည်.. အကြင်နာမျက်ဝန်းလေးက Jaejoongဖြစ်နေသည်တဲ့..

" အဲဒါကြောင့် ငါတို့ Jaejoongကိုစတွေ့တော့ ဒီမျက်လုံးတွေကိုမြင်ဖူးပါတယ်လို့ ခံစားမိတာ ဒါကြောင့်ကိုး"

Yunho၏တင်းကြပ်နေသောစိတ်တွေကို လျှော့ချစေလိုသောစိတ်ဖြင့် Junsuစကားကို ဖော့ပြောလိုက်သည်..

" မင်းက စောစောစီးစီး ငါတို့ကို အသိမှမပေးတာ.. အခု ဘယ်လိုလုပ်မှာလဲ ပြောလေ"

Endless LoveWhere stories live. Discover now