Chapter 3

1.5K 141 8
                                    

" Hyung,, ဒါ ကျွန်တော့်ချစ်သူ Jaejoongလေ.. Jae,,ဒါက ကိုယ်ပြောပြောနေတဲ့ ကိုယ့်ရဲ့အချစ်ဆုံးအကိုကြီး Yunho hyung"

" တွေ့ရတာဝမ်းသာပါတယ် Hyung,, Minဆီကနေ Hyung အကြောင်းတွေ အမြဲကြားနေကျပဲ..Hyungနာမည်ကို ရင်းနှီးနေပြီးသားပါ"

အပြုံးလေးဖြင့် ပြောလိုက်သော Jaejoongစကားများအောက်တွင် Yunhoနှလုံးသားတွေအေးခဲသွားသည်.. လုံးဝထင်မှတ်မထားသောအရာကို နားလည်လိုက်ရချိန်တွင် ရုတ်တရက်ဆိုသလို ဆို့နင့်လှိုက်မောသွားသည်..နောက်ဆုံးနှုတ်ခမ်းဖျားမှ တစ်ခွန်းသာထွက်နိုင်တော့သည်..

" အော် Jaejoongတဲ့လား"

ကံကြမ္မာက သူ့ဘက်မှာရှိမနေပါ.. သူ မမျှော်လင့်ထားသောကိစ္စများကို ကိုယ်တိုင်တခုမှပြင်ဆင်ထားခြင်းမရှိဘဲ ရင်ဆိုင်လိုက်ရသောအခါ သူ့ရင်ခွင်တခုလုံး ကြေမွသွားသလိုခံစားလိုက်ရသည်... တစ်သက်မှာ တခါသာပေါ်ပေါက်ဖူးသော အချစ်ပန်းပွင့်လေးကို သူသတိမထားမိလိုက်ချိန်တွင် သူများက ခူးရန်အသင့်ဖြစ်နေပေသည်..သူ့နှလုံးသားလေး မရှင်သန်ခင်ကတည်းက သေဆုံးနှင့်ပြီးသားဖြစ်နေလေသည်.. ဖြုတ်ခနဲကြွေကျသွားသော နှလုံးသားလေးကို ကောက်ယူနိုင်စွမ်းမရှိဘဲ ရပ်ကြည့်နေရသောအဖြစ်သည် ရှင်လျက်နဲ့သေဆုံးနေသလို..

တဆတ်ဆတ်တုန်ရင်နေသော လက်တို့ဖြင့် ကားလက်ကိုင်ကိုထိန်းကိုင်ကာ စိတ်ကိုအားတင်းရင်း မောင်းနှင်နေရသည်.. နောက်ကြည့်မှန်မှမြင်နေရသော changminပုခုံးထက်ပေါ်တွင် ခေါင်းမှီနေသော မြင်ကွင်း ပါးစပ်ကလေးအုပ်ကာရယ်သံလွင်လွင်လေးဖြင့်ရယ်နေသောအသံများက သူ့ရင်ခွင်တစ်ခုလုံးကို ကြေမွသွားအောင် ဆုတ်ဖြဲပစ်နေသည်..

" Hyung ရှေ့မှာရောက်ပြီလေ"

Changmin အသံက သူ၏ယောက်ယက်ခပ်နေသော စိတ်အစဉ်ကို ဖြိုခွင်းလိုက်သည်...

နောက်ဆုံးတော့ တရားရုံးသို့ရောက်ရှိလာခဲ့သည်...

" Hyung တို့ အားလုံးအဆင်သင့်ဖြစ်ပြီလား" Changmin ၏မေးခွန်းကို yoochunက ခေါင်းညိမ့်အဖြေပေးလိုက်သည်..

ထိုစဉ်

" Min လုပ်ဦး.. appaဆီက ဖုန်းလာနေတယ်.. ဘယ်လိုပြောလိုက်ရမလဲ"

Endless LoveDonde viven las historias. Descúbrelo ahora