Chapter 6

1.4K 156 6
                                    

လေးလံလှသောမျက်ခွံကို သူအတင်းအားယူကာ ကြိုးစားဖွင့်နေမိသည်.. ပထမဆုံးစမြင်လိုက်ရသည်က မျက်နှာကျက်ဖြူဖြူကိုဖြစ်သည်.. အေးစိမ့်လှသော အဲကွန်းခန်းထဲတွင် ကုတင်တလုံးပေါ်၌ သူလဲလျောင်းနေခြင်းဖြစ်သည်.. တံခါးဆွဲဖွင့်သံကြားလိုက်ပြီး ခြေသံများကုတင်ဆီသို့ဦးတည်လာနေသည်ကို ကြားလိုက်ရသည်..

" Jaejoong သတိရပြီလား"

" အခုတလော ထမင်းကောစားဖြစ်ရဲ့လား.. ဆရာဝန်က အားအရမ်းနည်းနေတယ်လို့ပြောတယ်.. အားနည်းနေတဲ့အပြင် စိတ်အရမ်းလှုပ်ရှားသွားလို့ သွေးဆောင့်တိုးပြီးသတိလစ်သွားတာလို့ ပြောတယ်"

ဖြူဖျော့ခြောက်သွေ့နေသော နှုတ်ခမ်းလေးတွေကို လျှာဖြင့်သပ်လိုက်ရင်း စကားစဖို့ အားယူလိုက်သည်...

" Minတကယ်ရက်စက်တယ်.. သူကျွန်တော့်ကို ထားခဲ့တာ သေချာသွားပြီ.. သူ ကျွန်တော်နဲ့အတူတူ ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ရင်မဆိုင်နိုင်လို့ ထွက်ပြေးသွားတာ.. အစတည်းက Minက လူပေါ်ကျော့သူဌေးသားလေးမှန်း ကျွန်တော်သိပေမယ့် အချစ်က အရာရာကိုပြောင်းလဲနိုင်မယ်လို့ ယုံကြည်ခဲ့တာ ကျွန်တော်မှားတာပဲ.. ကျွန်တော့်စိတ်နဲ့နှိုင်းပြီး သူ့ကိုလည်း ကျွန်တော့်လိုပဲ အချစ်တစ်ခုနဲ့ရှင်သန်နိုင်မယ်ထင်ခဲ့တာ.. ကျွန်တော်မှားတာပါ..ကျွန်တော့်အမှားတွေပါ"

ချုံးပွဲချငိုနေသော Jaejoongကို ကြည့်ရင်း သူတို့သုံးယောက် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကြသည်.. အရဲစွန့်ပြီး Junsuစကားစကြည့်သည်..

" ဘာပဲပြောပြော ခုနကသွားကြည့်တဲ့အလောင်းက Minnieမဟုတ်လို့ တော်သေးတာပေါ့"

" Hyung ကျွန်တော်ကတော့ အဲဒါ Minဖြစ်တာမှ ကောင်းသေးတယ်ထင်မိတယ်... အနည်းဆုံးတော့ သူ့ကို ယောက်ျားကောင်းတစ်ယောက်လို့ စိတ်ထဲဖြေသိမ့်နိုင်သေးတယ်.. အခုလို ထွက်ပြေးသွားတာက သူရဲ့ယောက်ျားမပီသတဲ့အပြုအမူကို ဖော်ပြလိုက်တာပဲ.. မတော်တဆမှုတစ်ခုကြောင့် သေသွားပြီး တခုလပ်ဖြစ်သွားတယ်ဆိုတာကမှ ကျွန်တော်ခံစားနိုင်သေးတယ်... ထွက်ပြေးသွားတယ်ဆိုတာ သူရဲဘောကြောင်တာပဲ"

Endless LoveWhere stories live. Discover now