ကျောင်းမုန့်စားဆင်းချိန်တွင် ၈နှစ်အရွယ်ကောင်လေးသုံးယောက် ကစားနေကြသည်.. ထိုစဉ် ကလေးငယ်ငယ်လေးတစ်ယောက် သူတို့ဘေးကို ရောက်လာသည်..
" Hyungတို့ ကစားနေတာ ကျွန်တော်လည်း ပါချင်တယ်"
" မင်းက ဘယ်သူတုန်း"
" ကျွန်တော့်နာမည် Changmin.. grade 3 အတန်းက"
" ဟိုမှာမင်းသူငယ်ချင်းတွေကစားနေတာ အတူတူသွားကစားပါလား.. ငါတို့က မင်းထက်နှစ်နှစ်တောင်ကြီးတယ်ကွ"
" သူတို့နဲ့မကစားချင်ပါဘူး.. hyungတို့နဲ့ပဲ ကစားချင်တာ.."
သူတို့နှင့်ကစားချင်၍ ပေကပ်ရပ်နေသော ကောင်လေးကိုကြည့်ရင်း သူတို့သုံးယောက်ဆက်ကစားဖို့ အခက်တွေ့နေသည်..
" မင်းတို့ကလည်းကွာ ကလေးက ငါတို့နဲ့ကစားချင်နေတာကို ပေးကစားလိုက်ပါ"
Yunhoကြားထဲက ၀င်ပြောပေးသောကြောင့် Changmin လေး သူတို့သုံးယောက်နဲ့အတူတူကစားခွင့်ရသွားသည်..ထိုအချိန်မှစ၍ မောင်နှမသားချင်းမရှိသော yunhoနဲ့ changminတို့မှာ ညီအကိုအရင်းသဖွယ် ချစ်ခင်ရင်းနှီးသွားကြသည်.. ထို့အပြင် yunho, yoochun, junsu နှင့် changminတို့မှာ အခုချိန်ထိ လက်တွဲမဖြုတ်ဘဲ တစ်ယောက်နှင့်တစ်ယောက် သိပ်ချစ်ကြသော သူငယ်ချင်းများအဖြစ် ပေါင်းသင်းလာကြသည်.. သူတို့ထဲတွင် changminလေးမှာ အငယ်ဆုံးဖြစ်သဖြင့် အကိုတွေအပေါ်အဆိုးဆုံးဖြစ်လာခဲ့သည်.. သူတို့ကလည်း changminဆိုးသမျှကို သည်းခံခွင့်လွှတ်ခဲ့ကြလေသည်..
သို့သော်လည်း Changminက သူ့အကိုတွေကို အမြဲတမ်းကာကွယ်ပေးလေ့ရှိသည်.. ကျောင်းမှာ fighterလေး changminဟာ သူ့အကိုတွေကိုထိရင် နည်းနည်းလေးမှ သည်းမခံတတ်ပါ.. တခါကလည်း yunhoကို ကျောင်းမှတခြားကောင်တွေက လာရန်စကြသည်..
" ဘာာာ သူတို့က hyungကို ဘာပြောလိုက်တယ်"
" ဘာမှမပြောပါဘူးကွာ.. သူတို့ဟာသူတို့ ငါ့ကိုမကြားတကြားစတာပါ.. ငါ အဆင့်တစ်ရတာ မကျေနပ်လို့ထင်ပါတယ်.. ငါကိုတည့်တည့်လည်းလာမပြောရဲကြပါဘူး.. ငါလည်း စကားနည်းရန်စဲ..စဲ"
စကားတောင်မဆုံးသေး .. Changminတစ်ယောက် ခုန်ထပြီး ဟိုကောင်တွေရှိရာဘက်သို့ ထွက်သွားသည်..

VOCÊ ESTÁ LENDO
Endless Love
RomanceHello !!!! New fic again... ဖတ်ဖူးတဲ့စာအုပ်လေးကို ကျောရိုးယူထားပြီး fic အဖြစ် ပြန်ပြောင်းထားပါတယ်.. ဖတ်ပေးကြပါဦးလို့ ^^