" ဘာဖြစ်လို့ အပေါ်တက်နေရတာလဲ.. အခု ပြန်ဆင်းခဲ့... ဖြည်းဖြည်း ဖြည်းဖြည်းဆင်းဦး"
" ရပါတယ် Hyungရဲ့.. Hyungအိပ်တဲ့နေရာကို သန့်ရှင်းရေးလုပ်ပေးတာ"
" ဟာာာ မလုပ်နဲ့ ..မလုပ်ပါနဲ့လို့ ဒီလောက်ပြောနေတာကို.. ဒီအတိုင်းငြိမ်ငြိမ်လေးနေလို့ မရဘူးလား"
" Hyungကလည်း ဆရာဝန်က ကိုယ်လက်လှုပ်ရှားဖို့ ပြောထားတယ်လေ"
" ကိုယ်လက်လှုပ်ရှားချင်ရင် အိမ်ထဲမှာလမ်းလျှောက်.. အပြင်ကိုလည်း တစ်ယောက်တည်းမထွက်နဲ့.. Hyungလိုက်ပို့ပေးမယ်.. ကြားလား"
" ဟုတ်ကဲ့"
Jaejoongတစ်ယောက် Yunhoအိမ်ကိုရောက်နေတာ တစ်ပတ်ကျော်ကြာခဲ့ပါပြီ.. ဒီရက်တွေမှာ Yunho hyungကို အားနာလှသည်.. Jaejoongကို ဘာမှမလုပ်စေဘဲ သူတစ်ယောက်တည်းသာ အကုန်လုံးဒိုင်ခံလုပ်သည်.. အိမ်သန့်ရှင်းရေးလဲသူ အချက်အပြုတ် အ၀ယ်အခြမ်းအားလုံးလည်း သူတစ်ယောက်တည်းသာလုပ်သည်.. Jaejoong၀ိုင်းကူပေးမည်ဟုပြောသော်လည်း ပင်ပန်းမည်ဟူသော အကြောင်းပြချက်ဖြင့် ပေးမကူချေ.. Jaejoongလိုအပ်တာတွေအားလုံးကိုလည်း အကုန်ဖြည့်ဆည်းပေးသည်.. Jaejoongအတွက် အာဟာရဖြစ်မည့်အစာ ဆေး ကိုယ်လက်လှုပ်ရှားမှုအားလုံးကို အချိန်မှန်ဖြစ်အောင် သူအမြဲသတိပေးသည်.. ကြာတော့ Jaejoongလည်း နေရထိုင်ရခက်လာသည်.. သူ့အဖြစ်က သူကအိမ်ရှင်ပြန်ဖြစ်နေပြီး Yunhoက အိမ်အကူလိုဖြစ်နေသည်.. အိပ်တော့လည်း အောက်ထပ်က သူ့အိပ်ခန်းကျယ်ကို Jaejoongအတွက်ပေးထားပြီး သူကတော့ အိမ်ထပ်ခိုးပေါ်မှာ မွေ့ယာခင်းလေးချပြီး အိပ်သည်.. Jaejoongက အပေါ်မှာ အိပ်မည်ဟုပြောသော်လည်း လက်မခံပေ.. အရာရာအသေးစိတ်ဂရုစိုက်လွန်းသော Yunhoကို Jaejoongတဖြည်းဖြည်း အားကိုးခင်တွယ်လာမိတာ အမှန်ပင်..
Yunhoအတွက်ကတော့ Jaejoongကို အခုလိုပြုစုပေးခွင့်ရနေတာနဲ့တင် ကံကောင်းလှပြီဟု တွေးနေသူဖြစ်သည်.. ကျန်တာမလိုအပ်ပါ.. ဘေးနားမှာ Jaejoongရှိနေခြင်းသာ သူ့ဘ၀အတွက် အကောင်းဆုံးသောအချိန်တွေဖြစ်နေသည်..
" Jaejoong.. ဒီမှာလာကြည့်ဦး.. ဒါလေး Hyungတွေ့လာလို့ စာရင်းပေးခဲ့တယ်.. ကိုယ်ဝန်ဆောင်တွေကို ကျန်းကျန်းမာမာမွေးဖွားနိုင်အောင် ယောဂလေ့ကျင့်ပေးတဲ့နေရာ..အဲဒီမှာ စာရင်းပေးနေတဲ့ကိုယ်ဝန်ဆောင်တွေအများကြီးပဲ.. အဲဒါကြောင့် Hyungလည်း ပေးခဲ့တာ"
YOU ARE READING
Endless Love
RomanceHello !!!! New fic again... ဖတ်ဖူးတဲ့စာအုပ်လေးကို ကျောရိုးယူထားပြီး fic အဖြစ် ပြန်ပြောင်းထားပါတယ်.. ဖတ်ပေးကြပါဦးလို့ ^^