Chapter 9

1.4K 144 12
                                    

ခွဲခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဂဏှာမငြိမ်ဖြစ်နေသည်.. အသက်အန္တရယ်မရှိနိုင်လောက်ဘူးဆိုတာသိနေပေမယ့်လည်း စိတ်ပူပန်မှုတွေ မြင့်တက်နေသည်.. ဆေးရုံက နာစ့်တွေ ဆရာဝန်တွေကတော့ သူ့ရဲ့ယောက်ယက်ခပ်နေမှုကိုကြည့်ရင်း ပြုံးစိစိဖြစ်နေကြသည်.. ခဏကြာတော့ yoochunနဲ့ junsuပါရောက်လာကြသည်..

" အဆင်ပြေတယ်မလား Yunho"

" ပြေမယ်ထင်တာပဲ"

နာရီလက်တံတွေ တရွေ့ရွေ့ကုန်ဆုံးလာသည်.. Jaejoongခွဲခန်းထဲဝင်သွားတာ နှစ်နာရီနီးပါးရှိလောက်ပြီ.. ပုံမှန်ခွဲစိတ်ချိန်ကလည်း ဒီလောက်ကြာတတ်လား yunhoမသိပေ.. ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ဗလောင်ဆူနေပြီ.. ဘာကြောင့် ဒီလောက်ကြာနေရတာလဲ.. ဘာများဖြစ်လို့လဲ..

ခဏနေတော့ ခွဲခန်းထဲက နာစ့်မထွက်လာတာမြင်တော့ yunhoလှုပ်လှုပ်ရှားရှားဖြစ်သွားရင်း နာစ့်မနားသို့မပြေးရုံတမယ် လှမ်းသွားသည်.. နာစ့်မနားရောက်တော့ ခြေလှမ်းတွေချော်ပြီး ဖက်မိမလိုတောင် ဖြစ်သွားသေးသည်.. တော်သေးသည်.. နောက်က Junsuလှမ်းဆွဲထားလို့ပေါ့..

" အော် ဘယ်လိုဖြစ်နေတာလဲ ကလေးအဖေရယ်.. စိတ်အေးအေးထားပါ.. မွေးပြီ .. ကလေးရော လူကြီးပါ ကျန်းမာတယ်"

ကြားလိုက်ရသည့်အသံကြောင့် ထခုန်မိမတတ်ဝမ်းသာသွားမိသည်.. ဆရာမလှည့်ထွက်သွားတော့မှ စဉ်းစားမိသည်.. သူတစ်ခုခုမေးဖို့ လိုသွားသလိုပဲ..

" ဆရာမ ဆရာမ.. ဘာလေးလဲဟင်"

" အော် မေ့လို့ .. ယောက်ျားလေး"

ဒီတခါ ထခုန်ရုံတင်မက လက်သီးလက်မောင်းပါတန်းမိသည်.. ပြုံးပျော်နေသည်မှာ ပါးစပ်ပင်စိ၍ မရတော့.. ကိုယ့်ကိုကိုယ် တကယ့်အဖေကြီးတစ်ယောက်လို ခံစားမိသည်.. yoochunနဲ့ junsuကတော့ မနိုင်ဘူးဆိုသည့်အကြည့်တွေဖြင့် ကြည့်လျက်သာ..

--

" Jaejoong နေ နေ ကိုယ်လုပ်ပေးမယ်"

" ရပါတယ် hyungရယ်.. ရေဘူးလောက်ကတော့ ကိုယ့်ဘာသာထယူနိုင်ပါတယ်"

ကလေးလေးကို လက်ထဲကမချနိုင်အောင် ချစ်နေသောyunhoကိုကြည့်ရင်း yunho သူ့အပေါ်ထားရှိသည့် ခံစားချက်တွေကို Jaejoongနည်းနည်းတော့ရိပ်မိလာသလိုပင်.. အမှန်တော့ yunho hyung သူ့ကိုဖွင့်ပြောလာခဲ့ရင်တောင် သူ့အနေနှင့် ငြင်းဆန်နိုင်စရာမရှိပါ.. Yunho hyungက သူတို့အပေါ်မှာ ကျေးဇူးကြွေးတွေ အများကြီးရှိခဲ့သည်..သူ့အပေါ်မှာလည်း အရာရာဂရုစိုက်လွန်းလှသည်.. သားလေးအတွက်လည်း အကောင်းဆုံးအဖေတစ်ယောက်ဖြစ်မည်ဆိုတာ တွေးကြည့်စရာပင်မလို.. ပြီးတော့ သူကိုယ်တိုင်လည်း Yunhoအပေါ်မှာ ခံစားချက်တွေရှိလာခဲ့သည်.. အားကိုးတွယ်တာခြင်းကို အချစ်ဟု ခေါ်ဆိုထိုက်ပါသလား.. သူမသိပါ.. သို့သော်လောကတွင် Changminကို ဖယ်ထုတ်လိုက်ပါလျှင် သူအတွယ်တာဆုံး အားအကိုးဆုံးသူမှာ Yunhoပင်ဖြစ်တော့သည်..

Endless LoveWhere stories live. Discover now