"ဟေ့ရောင်...ပြေး!ပြေး!...လှည့်ကင်း
တွေလာနေပြီ........."ပခုံးတစ်ဖက်ကို ကသောကမျောလာရိုက်
ပြီး သတိပေးသွားသော ဘဝတူတစ်
ယောက်က စက္ကန့်ပိုင်းလေးအတွင်းမှာပဲ
လှစ်ခနဲ.................................။ဈေးတစ်ခုလုံး ဆူညံလာတာက သဘာဝ
မကျဖြစ်လာကာ ရုတ်ရုတ်သဲသဲတွေဖြစ်
လာနေပြီ...........................။"Xiao~~ဒီကို!ဒီကို!~~"
အခုချိန်ထိယောင်တောင်တောင် ချာလပတ်
ရမ်းနေသောသူ့ကို Xingက ဟိုဘက်ဆိုင်
တန်းလေးတွေကနေ လှမ်းခေါ်နေပုံက
စိတ်ပူတကြီး။သယ်လာသော သစ်သီးတောင်းကိုပစ်ချ
ပြီး ခပ်သွက်သွက်လေးသူပြေးသွားတော့
........................အနားရောက်လာတာ
နဲ့လက်ကိုဆတ်ခနဲဆွဲကာ Xingတစ်
ယောက် ဦးဆောင်သုတ်ခြေတင်တော့
သည်။ရှုပ်ယှက်ခတ်နေသောဈေးလမ်းကြားထဲ
ဟိုထဲလျှိုးဝင် ...ဒီပေါ်ကျော်တက်...
ဟိုလူကိုရှောင် ...ဒီလူကိုဝင်တိုးမိ ပြေး
နေရတာမို့ တွန်းတွန်းတိုက်တိုက်နဲ့
ခရီးကမတွင်..............................။တစ်ချို့ဈေးသည် ဈေးဝယ်တွေက သနား
သလိုလေးလှမ်းကြည့်ကြပေမဲ့ ဖွက်ပေး
ထားဖို့အထိလည်း သွေးကမရဲ......။သူတို့လည်း ဘယ်အချိန်အထိ ခုလို
ကျီစားလန့်စားပြေးနေရဦးမယ်မသိ။ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတာ
သူနဲ့Xingအတွက် ပေါ်ပေါက်လာတာ
ပဲဖြစ်မည်။Xingကတော့ ဒီထက်တောင်ဆိုးသေး
ဆိုပြီး ရယ်ရယ်မောမောနဲ့ ရွဲ့တတ်သေး
သည်။သူတို့မွေးဇာတာကပဲ ပြေးဇာတာဖြစ်
နေခဲ့လေရော့သလား လို့တွေးမိသေး
တာလည်း အခါခါ။ဒါပေမဲ့ အေးအတူပူအမျှXingသာပါမယ်
ဆို သူ ငရဲကိုပဲခေါက်ပြန်ပြေးနဲ့Taxi
ဆွဲရဆွဲရ.................................Xingကလည်း
သူနဲ့သာဆိုရင် မိုးကောင်းကင်က
မိုးနတ်မင်းရဲ့ လက်နက်ကိုပါပြေးယူ
ရ ယူရ..............................အဲ့လောက်ထိအောင် နှစ်ယောက်
သားရဲ့သံယောဇဉ်က ခိုင်ခိုင်မာမာ
ဖြစ်တည်နေခဲ့လျက်။