Part-7

10.2K 813 66
                                    


"Yep!You're here…"

မတ်တပ်ရပ်အနေအထားနဲ့ အချိန်တွေ
ခဏရပ်တန့်နေသောSehunတစ်ယောက်
အခန်းထဲကို နောက်ထပ်ဝင်လာတဲ့Kai
ကိုမြင်မှ……အရာအားလုံးကို ဖမ်းမိသွား၏။

လိုက်ရှာနေတာ အခုမှတွေ့တယ်ဆိုတဲ့
ပုံစံမျိုး…တကယ့်ကို အော်စကာ…။

ဒါပေမဲ့…အစီအစဉ်ကြီးက……

^ကျွတ်စ်!…လုပ်လာရင်…^

ရွှေဥာဏ်တော်စူးရောက်လွန်းတဲ့Kaiကို
နားရင်းတစ်ချက်တီးပြီးဂုဏ်ပြုချင်သွား
ပေမဲ့………မတတ်နိုင်………

လောလောဆယ်တော့…ပေါက်တတ်ကရ
ပဲဖြစ်ဖြစ်……ဟိုမရောက် ဒီမရောက်ပဲ
ဆိုဆို…ဒင်း ရေးချလာတဲ့ တစ်ခန်းရပ်ပြ
ဇာတ်ထဲ…ဘယ်မင်းသမီးနဲ့တွဲတွဲ…သရုပ်
ပါပါနဲ့ ဇာတ်လမ်းပြီးဖို့ပဲအဓိကဆိုပြီး နှလုံး
ပိုက်လိုက်ရကာ……………………

"Sweety…"

သံပတ်တစ်ခါပေးပြီးတာနဲ့ရပ်တန့်သွား
သော အရုပ်တစ်ရုပ်လို~~ခေါင်းအောက်
စိုက်ပြီး~~ကြမ်းခင်းတွေကိုပဲ~~သုတေသီ
လုပ်နေတော့တဲ့~~~Kaiရဲ့တရုတ်ဘာဘီ
က~~~~~သူခေါ်လိုက်မှ~~~
ပြန်မော့ကြည့်ဖော်ရ၏။

^အင်း…ချွတ်စွပ်နီးပါးပဲ…^

ဖြူသွယ်သွယ်လက်အစုံနဲ့ ပခုံးကနေလွှား
ချထားတဲ့ ခြုံပုဝါချယ်ရီရောင်လေးကို  ရင်
ဘတ်နားခပ်တင်းတင်းဆွဲဆုပ်ထားပုံက
အားလုံးရဲ့အမြင်မှာတော့……………

ရှက်ရွှံ့သိမ်မွေ့တဲ့…မိန်းမသားတစ်ယောက်
ရဲ့ဟန်ပန်မျိုးဖြစ်နေမှာပေမဲ့…………

အထီးမှန်းသိနေသောSehun့အတွက်…
ခြံပုဝါလေးရဲ့…အရေးပါမှုကို…ကောင်း
ကောင်းကြီးနားလည်လိုက်ပြီ…။

ဒါကြောင့်…အကုန်လုံးမရိပ်မိပဲ အခန်းထဲ
ကမြန်မြန်ထွက်နိုင်ဖို့အရေး တို့အရေးဖြစ်
သွားကာ…ခပ်သွက်သွက်လေးလျှောက်
သွားလိုက်ရသည်။

အားလုံးဝိုင်းကြည့်နေတဲ့ကြားထဲ…စမတ်
ကျကျနဲ့…သူ့ခြေလှမ်းတွေ  ဟန်မပျက်
စည်းချက်ညီနေပေမဲ့…ရင်ထဲမှာတော့…
သိပ်မငြိမ်ချင်……။

He Queen Donde viven las historias. Descúbrelo ahora