Part-6

9.1K 809 78
                                    


"ကျွတ်စ်!...Sehunပဲလုပ်စမ်းပါ...
hyungရာ......"

ပြောဆိုတိုင်ပင်နေသမျှမှာ"မင်းသားလေး"
ဆိုတာချည်းပဲ ထပ်နေအောင်ခေါ်လိုက်မိ
တော့...ထုံးစံအတိုင်း...ကိုယ်တော်တို့...
အလိုမကျတွေဖြစ်လာပြီ...။

ဒီလိုလွတ်လွတ်လပ်လပ်အချိန်တွေမှာဆို
ကိစ္စမရှိပေမဲ့...တစ်ခါတစ်လေ နန်းတော်
ထဲမှာပါ ခေါ်နေမိတာမို့...Suhoတတ်နိုင်
သလောက် နာမည်ကိုမခေါ်ချင်...။

သုံးယောက်လုံး ညီအစ်ကိုရင်းတွေလို ဖြစ်
နေကြပေမဲ့...တော်ဝင်မင်းသားနဲ့...အတိုင်
ပင်ခံအရာရှိ...မတူတာကတော့...မတူတာ
ပဲဖြစ်သည်။

နေ့လယ်ကတည်းက မူးပြီးအိပ်ပျော်နေသော
Sehunက သူ...နန်းတော်ကပြန်ရောက်
ပြီး...ရေမိုးချိုးပြီးမှနိုးတော်မူလာ၏။

နိုးနိုးချင်း အခန်းထဲကမထွက်သေးပဲSuho
ကို အထဲခေါ်ကာ လုပ်ငန်းကိစ္စတိုင်ပင်နေ
လိုက်တာ...မရပ်မနား...။

နောက်အပတ်ထဲလုပ်မယ့်shareဝင်တွေ့
ဆုံပွဲအတွက် သေသေချာချာဆွေးနွေးနေ
ကြရခြင်းဖြစ်ကာ……လုပ်ငန်းတွေဖြုတ်ပစ်
ဖို့မဆိုထားနဲ့…နောက်ထပ်သေချာနေသေး
တာက…စေ့စပ်ပွဲပါ…နှောင့်နှေးတော့
မယ်ဆိုတာ…။

အိမ်ရှေ့မင်းသားတစ်ယောက်ရဲ့တာဝန်
ဝတ္တရားတွေနဲ့ အမြဲအလုပ်ရှုပ်နေရသော
Sehunက...လုပ်ငန်းတိုင်းမှာလည်း
ရှေ့ထွက်လို့သိပ်မကောင်းတာကြောင့်
ဒီလိုforeignerတွေပါသော လုပ်ငန်းမျိုး
ကိုဆိုSuhoပဲကိုင်တွယ်တာများသည်။

အခုတော့…မင်းကြီးရဲ့ကျန်းမာရေးသွားစစ်
ဆေးမယ့်ခရီးစဉ်မှာ မယ်မယ်နဲ့အတူ သူပါလိုက်ပါရမှာမို့.ဒီတစ်ခေါက်meeting
တက်ဖို့က...Sehunကိုယ်တိုင်ပဲဖြစ်သွား
သည်။

ဒါကြောင့် သူမလိုက်နိုင်သောအစည်း
အဝေးအတွက် အစစအရာရာအသေးစိတ်
နေရသလို...Suhoတစ်ယောက်...Sehun
လုံခြုံရေးကိုလည်း နောက်ဆံတစ်တင်းတင်း။

မင်းကြီးကျန်းမာရေးကိုစိတ်ပူနေရသလို
Sehun့ဘက်ကိုလည်းရင်မအေး...ကြားထဲ
မယ်မယ်သိမှာက စိုးရိမ်ရသေးနဲ့Suho
လည်းကြာရင် ဆံပင်ဖြူတော့မည်။

He Queen Tempat cerita menjadi hidup. Temukan sekarang