Part-4

8.4K 796 46
                                    


"ဘယ်လို??…Kai!…"

တိုင်ပင်စရာရှိလို့ဆိုပြီး သူ့အခန်းထဲရောက်
ချလာကာ မွေ့ယာဘေးက sofaပေါ် အကျ
အန တင်ကလင်ချိတ်ထိုင်သည်။

ပြီးတော့ တိုင်ပင်လိုက်သည့်ကိစ္စ သေချာ
တောင် အဆုံးမသတ်ရသေးခင် မွေ့ယာ
ပေါ် ပျင်းတိပျင်းရွဲ လှဲနေသောSehun
automaticထထိုင်ခြင်းသို့ရောက်သည်။

ကုတင်ဘေးSofaပေါ်က Kaiမျက်နှာကို
ကုတင်ပေါ်ထိုင်လျက်ကနေ ကုန်းကွသွား
အောင် ပြူးပြဲကြည့်ပြီး မေးလိုက်မိသည်။

ကြည့်ချင်လွန်းလို့တော့မဟုတ်…
အံ့သြလွန်း၍ပါ။

သူ့ ဒွေးတော်က မွေးသည့် Kim Kaiဆို
သော ဂျစ်တစ်တစ် သူ့ညီဝမ်းကွဲတော်လေး
က…ဒီလောက်အထိ အလေးအနက်ထား
စေတနာတွေရင့်သန်နေပုံကို Sehunတစ်ခါ
မှ မမြင်ဖူး…။

တအံ့တသြ Sehun့ပုံစံကို Kaiက ခေါင်း
တဆတ်ဆတ်ငြိမ့်နေရင်း………………

"ဟုတ်တယ်Sehun…မင်းစဉ်းစားကြည့်
လေ…သူဒီမှာ ဘယ်လိုနေမလဲ…လုံခြုံရေး
ဒီလောက်လျော့ရဲနေတဲ့ နိုင်ငံကြီးမှာ……
ဒီပုံစံအတိုင်းသာ ဆက်သွားရင်…ပြည်ဝင်
ခွင့်လက်မှတ်မရှိ…ဘာမရှိနဲ့…အဲ့ကောင်
လေး မကြာခင်သေမှာပဲ………"

သူတို့ထက်ငါးနှစ်လောက်ငယ်သောထို
ကောင်လေးက ခုချိန်ထိ အိပ်ယာထဲကနေ
လွတ်လွတ်ကျွတ်ကျွတ်မထနိုင်သေး။

ပြောနေရင်းနဲ့ အလေးအနက်တွေ တကယ်
ထဖြစ်လာသောKaiကို Sehunစိတ်ပျက်
စွာ စုပ်သတ်လိုက်မိသည်။

ကိုယ်လည်းစိတ်မကောင်းပေမဲ့ ဒီလောက်ထိတော့မလိုဘူးထင်သည်။့

"ဘယ်တတ်နိုင်မလဲ…သူ့ဘဝနဲ့သူ……"

"ဟာ…ပြောထည့်လိုက်တာSehunရာ
ငါတို့ဒီကိုရောက်လာတာ………………"

"ဟုတ်တယ်!…လူမှုကယ်ဆယ်ရေးအဖွဲ့
အစည်းတွေကို လှုံ့ဆော် အားပေးဖို့!…
ဒါပေမဲ့ သူက တရားမဝင်ရောက်နေ
တာ!…မတူဘူးKai…မရောနဲ့!…"

"အဲ့လို မတူလို့ကိုပဲငါတို့ကူညီဖို့လိုအပ်နေ
တာSehun……"

Kaiပုံစံက ဘယ်တုန်းကထက်မဆိုတည်
ကြည်နေသည်။

He Queen Where stories live. Discover now