"ရေ ...ရေ .."မွေ့ယာပေါ်မှဆင်းကာ ခမ်းနားကျယ်ပြန့်လျက်ရှိသော
အခန်းကြီးရဲ့ထောင့်နားမှာ နေရာယူထားသော
သတ္ထုရောင်တောက်ပြောင်နေတဲ့ ရေခဲသေတ္တာထဲက
ရေချိုင့်ကို အပြေးအလွှားသွား ထုတ်ယူမိသည် ...။ထို့နောက် ဖန်ခွက်လေးထဲကိုပင် မထည့်နိုင်တော့ပဲ
ပစ်စလက်ခတ်မော့ချပစ်မိသွားတာ လူလည်း
ဘယ်လိုပုံပေါက်သွားလဲမသိတတ်တော့ ...။ရေသန့်ဘူးထဲက ရေကို အခုလို မော့သောက်ဖူးပေမဲ့ ...
ကရားအိုးလေးလို နှုတ်သီးချွန်လေးပါတဲ့ ဒီလိုရေချိုင့်ထဲက
ရေကို ဒီအတိုင်းမော့ချပစ်မိတာတော့
တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ကြိမ်သာ ...။အလောတကော သောက်ပြီးသွားချိန်မှာတော့
မေးစေ့ကနေတစ်ဆင့် ရင်ဘတ်ထဲတောက်လျှောက်
်စီးကျသွားတဲ့ရေတွေကို မသုတ်နိုင်အားသေးပဲ
အသက်ကိုသာဝဝရှုရှိုက်လိုက်ရ၏ ..။" ဟင်း ..."
်
မောပန်းကြီးစွာနဲ့ ချမိလိုက်သော သက်ပြင်းတစ်ချက်က
ကယောင်ခြောက်ခြားနိုင်နေခဲ့လျက်..။ရေချိုင့်လေးကို ရေခဲသေတ္တာထဲပြန်ထည့်ပြီး တံခါးကို
ိုမပိတ်ဖြစ်သေးပဲ မတ်တပ်ရပ်လျက်သား
ငြိမ်သက်နေမိ၏ ..။"ကျွတ်စ်! .."
မျက်လုံးအစုံကို ဖိပိတ်မိချိန်မှာ ပြန်လည်ထင်ဟပ်လာသော
အပြာရောင်အတိလွှမ်းနေသည့် ..ပုံရိပ်တွေကြောင့်
စုပ်သတ်ပစ်လိုက်သည် ..။"ဘာတွေလဲ ..."
နှုတ်ခမ်းဟတယ်ဆိုရုံလေး ခပ်တိုးတိုး ရေရွတ်မိရင်း
တဒိတ်ဒိတ်ခုန်လှုပ်လာသော ဝဲဘက်ခြမ်းတစ်နေရာကို ..
လက်နဲ့တင်းတင်းကျပ်ကျပ်ဖိထားလိုက်ရ၏..။ရုပ်ရှင်အနှေးပြကွက်တစ်ခုလို ပုံရိပ်တွေက စီကာစဉ်ကာ
ဖြတ်သန်းပြေးလွှားနေသည့်အထဲမှာ ..ချယ်ရီရောင်
်နှုတ်ခမ်းတစ်စုံက ..TVကနေအထပ်ထပ်အခါခါ
လွှင့်နေတဲ့ ..စွဲမက်ဖွယ် ကြော်ငြာတစ်ခုလို ..။အပြင်လောကမှာတင် ခေတ်မှီပွင့်လင်းလာတာမဟုတ်ပဲ
အိမ်မက်လောကမှာပါ ထပ်တူကျ လိုက်ပြောင်းလဲနေလေ
သလား ..။
