"မင်းတို့ပြန်တော့ .."
ကိုယ်ရံတော်တွေခေါင်းကုတ်သွားကြတာသိပေမဲ့အနီးနား
ကပြတင်းပေါက်တစ်ခုဆီလျှောက်သွားလိုက်ကာ
အပြင်ကိုငေးပြီး မသိချင်ယောင်ဆောင်လိုက်သည်..။"ဟို ..မင်းသား ..ကျွန်တော်တို့ကိုသေချာမှာထား
တာမို့ .."ကိုယ်ဖျတ်ခနဲ ခပ်စူးစူးလှည့်ကြည့်ပေးလိုက်တော့ ကိုယ်ရံ
တော်တစ်ယောက်ရဲ့ တုံ့ဆိုင်းဆိုင်းစကားသံက တိကနဲ
ရပ်သွား၏..။ဒီအနေအထားအတိုင်း ခပ်ကြာကြာငြိမ်သက်နေပေး
လိုက်တော့ .."ဒါဆို နဲနဲလှမ်းတဲ့ တည်းခိုအိမ်ရာမှာနေလိုက်ပါ့
မယ် မင်းသားလေး.. လိုအပ်ခဲ့ရင်အဆင်သင့်ရှိရ
အောင်လို့ပါ.."တန်းစီခေါင်းငုံ့နေရာကနေ ရှေ့ထွက်ပြီးဦးညွှတ်ပြောလာ
သော Kevin..။လုပ်သက်ကြာဝန်ထမ်းတွေထဲမှာ ကိုရီးယားအမေရိကန်
ကပြားKevinက Sehunစိတ်ကိုနဲနဲနားလည်နိုင်
်တယ်ပြောရမည်..။သို့သော် ကိုယ့်ကိုလုံးဝအလွတ်ပေးတာမျိုးတော့
မဟုတ်။ဒါကြောင့်မို့ထင်သည် ..Suho Hyungကသူနဲ့စိတ်
တူကိုယ်တူ Kevinကိုတော်တော်လေးယုံကြည်စိတ်ချ
ထားတာမို့ Suho Hyungမပါလည်းကိုယ့်အနေနဲ့
အသက်ရှုသိပ်မချောင်လှ။ဒီထက်ပိုပြီးလည်းပြောမနေချင်တော့တာမို့ Sehun
လက်ခံဖို့ဆုံးဖြတ်လိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်..။"ဒါဆိုအပေါ်ထပ်မှာပစ္စည်းသွားချနေတဲ့တစ်ယောက်
ကိုပါ ခေါ်ပြီးအနားယူလိုက်ကြတော့..
အိမ်တော်ထိန်းLuhanကို ကျွန်တော့်အခန်းရှင်းထားဖို့
ပြောခဲ့ပေးပါ..""ဟုတ်ကဲ့ပါမင်းသား .."
ကိုယ့်စကားအဆုံးကိုယ်ရံတော်တစ်ယောက်က လှစ်ခနဲ
အပေါ်ထပ်ကိုတက်သွားတာမို့ Sehunခြံထဲကိုဆင်းခဲ့
လိုက်သည်..။
![](https://img.wattpad.com/cover/52123263-288-k291179.jpg)