"လာလေ ..ကောင်လေးရဲ့ .."
Hyung nimခေါ်နေတာမို့ ကားပေါ်ကဆင်းသာ
ဆင်းလိုက်ရပေမဲ့ ..လူကအူကြောင်ကြောင်ဖြစ်လျက်။ဝင်ပေါက်ကြီးကနေဝင်လာတုန်းကတော့ ရိုးရာပုံစံ
ဟိုတယ်လို့ထင်လိုက်မိပြီး .. ဟိုတယ်မှာအလုပ်လုပ
်ရတော့မှာမို့ ..ကြိတ်ပြီးပျော်နေခဲ့တာ။ဒါပေမဲ့ တဖြေးဖြေးအထဲရောက်လာမှ မြင်ရတဲ့
မြင်ကွင်းအရ ..ဟိုတယ်မဖြစ်နိုင်မှန်းတွေးမိလာ၏။ထိုအတွေးမှန်ကန်ကြောင်း ကားပေါ်ကဆင်းပြီးတာနဲ့
Luhanသိလိုက်ရသည်..။ပတ်ပတ်လည်မှာမြင်နေရတာတွေက ..မြင်နေကျ
တွေလို သာမာန်ပုံစံမျိုးမဟုတ်။နန်းဆောင်လိုမျိုး အဆောက်အဦးတွေ ..တံခါးတစ်ချို့
တွေမှာစောင့်ကြပ်နေတဲ့ ..အစောင့်စစ်သားတွေ နဲ့ ..
ခပ်လှမ်းလှမ်းဆီက ရေကန်ငယ်တွေဟာ .."Hyung nim!ဒါ ဒါ နန်းတွင်းလား ဟင်.."
မနီးမဝေးခပ်လှမ်းလှမ်းကနေ ရပ်စောင့်နေသည့်
Hyungဆီကို ခပ်သွက်သွက်သွားလိုက်ကာ ..
အံ့သြတစ်ကြီးမေးတော့ Hyungကသွားတွေပေါ်
သည်အထိပြုံးသည်..။ကြည့်စမ်း..ဒါ တကယ်နန်းတွင်းပေါ့ ။
ကိုရီးယားနဲ့ပတ်သက်ပြီး ငယ်ငယ်ကXingရဲ့ဖွားဖွား
ပြောပြသမျှတွေထဲမှာ နန်းတွင်းလည်းပါခဲ့တာမို့ ..
စိတ်ထဲမှာမှတ်မှတ်ထင်ထင်ရှိနေခဲ့တာ ..။နေပါဦး ..ဒါဆို ဒီကိုဘာလာလုပ်ရတာလဲ ။
ဖွားဖွားကိုလွမ်းဆွတ်သွားခြင်းနဲ့ရောပြီး .. ဟိုးတုန်းက
ထီးနန်းအငွေ့အသက်တွေကိုပါ လိုက်ခံစားနေရင်း
်ဖျတ်ခနဲဆို အလုပ်အကြောင်းပြန်သတိရလိုက်တာ
ဖြစ်၏..။Hyung nimကိုမေးဖို့ပြင်နေတုန်းHyungက
လမ်းဆက်လျှောက်ဖို့ အမူအယာပြတာနဲ့ ..ခပ်ဖြေး