မျှော်လင့်ခွင့်၁၁

680 59 0
                                    

ပြာလဲ့နေသောကောင်းကင်အောက်မှလေတို့သည် လှိုင်းကြပ်ခွပ်ထနေသော ရေပြင်အား ဖြတ်ပြေး လာရသဖြင့် ရေငွေ့အနည်းငယ်ပါကာ အေးမြနေသည်.....

နဂိုထဲမှအေးမြချင်နေသော လေထုသည် အေးမြဖို့ ခွင့်ပြုချက်ရလိုက်သည့်အလား အစွမ်းကုန်အေးမြနေကြသည်.....

မျက်နှာပေါ်တွင် moisture တစ်မျိုးတည်းသာလိမ်းထားသောကျွန်မဖို့ အအေးဒဏ်က မျက်နှာကို လုံအောင်မကာကွယ်ပေးနိုင်သည့်အလား
လေအေးတို့က မျက်နှာကို ကျီစယ်ဖြတ်တိုက်နေကြသည်......

မည်မျှပင်အေးပါစေ.....
ခန္ဓာကိုယ်အပြင်ပိုင်းကိုသာအေးမြစေပြီး ရင်ထဲကအပူကိုတော့ မအေးမြစေပေ....

မိဘများ၏နှစ်ပတ်လည်နေ့နီးလာပြီ...

ဤသို့စဉ်းစားရုံမျှဖြင့်

ရင်ထဲ၌စို့တက်လာသည်.....

မျက်ရည်တို့က အလိုလိုဝဲချင်လာသည်....

ချောင်တစ်ခုခုထဲမှာခွေချင်နေလာသည်.....

ခတ္တာ ဘာလုပ်နေတာလဲ.....ဂျီမင် အသံကြောင့် ကျွန်မလှည့်ကြည့်လိုက်သည်..
ဒီနေ့ငါ့မွေးနေ့လေ ပျော်ပျော်နေမှပေါ့......နှုတ်ခမ်းအား ခပ်ဆူဆူလုပ်ကာ ရယ်လိုက်သောဂျီမင်ကြောင့် ကျွန်မရော ဆိုယွန်းရော ရယ်မိလိုက်ကြသည်..

ကျွန်မအကြောင်းကို အစကတည်းကသိကြသော သူများဖြစ်ကြကာ ရက်နီးလာတော့မမလည်း ထပ်အကူအညီတောင်းထားသည်နှင့်တူသည် သူတို့နှစ်ယောက် အခုတလော ကျွန်မအား မျက်စိအောက်ကအပျောက်မခံကြပေ.......

အခုလည်း သူတို့နားကထွက်ကာ ခဏငေးကာရှိသေးသည် ကျွန်မနားသို့ တန်းရောက်ချလာသည်....

မွေးနေ့ဟုဆိုသော်လည်း အလွန်ရင်းနှီးသည့်လူများကိုသာ ဖိတ်သည့် အတွက် ကျွန်မ ဆိုယွန်းနှင့် ဂျီမင်အပြင် တခြား ၄ယောက်လောက်သာပါသည်......

အရက်ပါသော ညဘက်ပွဲများကို မလိုက်ချင်ဟုဆိုသောကြောင့် နေလယ်တွင် ကစားကွင်းသွားကာ ညနေတွင် ဟန်မြစ်ဘေး၌အေးအေးဆေးဆေးလာကာ ကိတ်မုန့်ခွဲပြီး လမ်းလျှောက်နေကြခြင်းဖြစ်သည်..
ညဘက်တွင်မူသူတို့ ကလပ်သွားကာ သောင်းကျန်းကြမည်ဟုဆိုကာခေါ်သော်လည်း ကျွန်မသည် တတ်နိုင်သမျှ alcoholနှင့် ထိုလိုနေရာများကိုရှောင်သည်...
ကိုယ့်ယဉ်ကျေးမှုနှင့်မကိုက်ကာ ယောကျာ်းများနှင့် ပြိုင်သောက်ကာ ပြိုင်မူးနေကြသော ထိုလိုနေရာများကို ကျွန်မမသွားချင်ပေ....
ကျောင်းဖွင့်ရက်ဖြစ်သောကြောင့် သူတို့နှင့်လူစုခွဲသည့် အချိန်မှ ကျောင်းစာကြည့်တိုက်သို့သွားကာ စာကြည့်တော့မည်ဟု ဆုံးဖြတ်ထားသည်.....

မျှော်​လင့်​ခွင့်​Wo Geschichten leben. Entdecke jetzt