မျှော်လင့်ခွင့် ၁၇

607 48 8
                                    

လေပြေတွေလာပြီးရင် မုန်တိုင်းလာတတ်တယ်တဲ့........

မုန်တိုင်းပြီးရင်ရော လေပြေတွေ ပြန်လာတတ်လားဟင်......


.............⌚⌚⌚.............

အတန်ငယ်တိတ်ဆိတ်သော ရပ်ကွက်ဖြစ်သောကြောင့် ကျွန်မရဲ့မနက်ခင်းတိုင်းသည် သူ့ရဲ့ morningဆိုတဲ့messageလေးဖြင့်သာ စတင်တတ်ပါသည်....

အချိန်တွေ အရမ်းကွာလွန်းတဲ့နိုင်ငံတွေသူရောက်သွားရင်တော့ သူနဲ့ပြောထားတဲ့messageလေးတွေပြန်ကြည့်ရင်းနဲ့ပေါ့......

ဒီနေ့မနက်တော့ သူကထူထူးခြားခြား ဖုန်းဆက်လာခဲ့သည်.....
သူ့တို့ အဖွဲ့ပါဝင်မည့် radio showပွဲကိုနားထောင်ဖို့ လှမ်းမှာခြင်း ဖြစ်သည်....

ပုံမှန်အတိုင်းဆိုလျှင် သူသည် သူ့တို့ အဖွဲ့၏ အသံလွှင့်တာမပြောနှင့် သီချင်းအသစ်ထွက်တာပင် မပြောပြချေ......
Dramaဆိုလျှင်ပိုဆိုးသေး မကြည့်ပါနှင့်ဟုတောင်တားတတ်သည်. ....

ဘာကြောင့်လဲဟု မေးလျှင် ဘာမှမဟုတ်ပါဘူးဟုပြောသော်လည်း....ကျွန်မသိပါသည်...သူ၏kissing scence များ အချို့ မင်းသမီးနှင့် အခန်းများကို ကျွန်မမြင်လျှင် စိတ်မကောင်းဖြစ်မှာစိုးသည်ဟုထင်သည်....

ထိုအခါကျွန်မက စိတ်မကောင်းဖြစ်မှာ စိုးလို့ လား မဖြစ်ပါဘူး ကိုရီးယားမင်းသားတွေ ဒီလောက်ချောတာကုစားလိုက်မှာပေါ့ ဟု ခပ်တည်တည် ဖြင့် ပြန်နောက်လျှင် သူက လုပ်လိုက်လေ ကိုယ်လည်း မင်းသမီးတွေနဲ့ အခန်းကို ခဏခဏမှားအောင်ရိုက်ပစ်လိုက်မှာပေါ့ ဟု သူ၏ လုပ်နေကြအတိုင်း ပါးတစ်ဖက်တွင် ရှိသော ပါးချိုင့်ကို မမြင်မြင်ရအောင် ပြုံးသော အပြုံးကိုပြုံးရင်းမျက်နှာကို တစ်ဖက်လှည့်သွားတတ်သည်.....

ထိုအခါကျွန်မက စတာကို ဟုဆိုကာ သူ့မျက်နှာကို ကျွန်မဘက်မရောက်ရောက်အောင်ဆွဲလှည့်ရပေလိမ့်မည်....

ထိုအခါ သူက ကျွန်မအရပ်မမှီသည်ကို ရယ်ပေလိမ့်မည်.....

ထိုအခါကျွန်မက စိတ်ပြန်ကောက်ပေလိမ့်မည်....
ဤသည်နှင့် သံသရာလည်ကာ နှစ်ယောက်သား တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ အတောမသပ်နိုင်အောင် ရယ်ပေလိမ့်မည်.....

မျှော်​လင့်​ခွင့်​Donde viven las historias. Descúbrelo ahora