မျှော်​လင့်​ခွင့်​ ၂

1.5K 79 2
                                    

လေယာဉ်​ကွင်း အပြင်​သို့ ​ခြေလှမ်းလိုက်​သည်​နှင့်​ ​အေးစက်​​သော ​လေက တစ်​ကိုယ်​လုံးကို လွှမ်းခြုံသွားခဲ့သည်​ ...........
မိသားစုအ​ပျော်​ ခရီးသာဖြစ်​ပါက မည်​မျှ​ပျော်​စရာ​ကောင်းလိုက်​မည်​နည်း ဟု​တွေးမိ​သောစိတ်​​ကြောင့်​ ​ဝေ့တက်​လာ​သော မျက်​ရည်​တို့ကို မမ မမြင်​​အောင်​ မျက်​​တောင်​​လေးပုတ်​ခက်​ပုတ်​ခက်​လုပ်​ကာ သိ​မ်းလိုက်​သည်​.........
မမ က​တော့ သူ၏ သူငယ်​ချင်းအားရှာကာ ကျွန်​မအ​ပေါ်၌စိတ်​မ​ရောက်​​သေး​ပေ.......

ခ​ရေ .,..ငါဒီမှာ....ဆို​သောစကားသံနှင့်​အတူ စတိုင်​​ဘောင်းဘီနှင့်​ အင်္ကျီ အဖြူလက်​ရှည်​ကိုဝတ်​ထား​သော နန်းဆန်​ဆန်​​ချောသည့်​ အစ်​မတစ်​​ယောက်​သည်​ သူ၏သွားတက်​​လေးကို​ပေါ်သည်​ အထိ ပြုံးလိုက်​ပြီး......ကျွန်​မတို့ ညီအစ်​မ နှစ်​​ယောက်​ဆီသို့ smart ကျကျ ​လျှောက်​လာ​လေသည်​..........

နှင်း...ငါကနင်​မ​ရောက်​​သေးဘူးမှတ်​​နေတာ ဟ
ဆို​သောစကားနှင့်​အတူ မမ လည်း ထို မမ ဆီသို့ ​လှမ်းသွား​လေသည်​.......

နင်​ဒီကို လာတာငါအရမ်း​ပျော်​တာပဲသိလား...
တိုင်​ပင်​​ဖော်​တိုင်​ပင်​ဖက်​လည်းရတာ​ပေါ့....
နင့်​ဆုံးဖြတ်​ချက်​မှန်​ပါတယ်​.....
ဒါ ခ​ရေ့ ညီမ​လေးလား,....,.
နစ်​​ယောက်​သားစကား​ပြော​နေကြရင်း ကျွန်​မဘက်​လှည့်​ကာ ​မေးလိုက်​သည်​.....

ဟုတ်​တယ်​ နှင်း ရဲ့ ဒါ ကိုယ့်​ညီမ ခတ္တာ တဲ့......
ညီမ​လေး မှတ်​ထား​နော်​ ဒါမမသူငယ်​ချင်း နှင်း​သော်​တာတဲ့,...မမက တစ်​ခါတည်း ကျွန်​မဘက်​ လှည့်ကာ မိတ်​ဆက်​​ပေးလိုက်​သည်​.......
ညီမ​လေးက အ​ချော​လေး​လေးပဲဟုဆိုကာ ကျွန်​မဘက်​လှည့်​ကာပြုံးပြလိုက်​သည်​ .....
လူ​တွေနှင့်​ မဆက်​ဆံတာကြာ​သောကျွန်​မလည်း ​ကျေးဇူးတင်​စကား​ပြောရမည်​ကိုပင်​ မသိ​တော့ဘဲ  ​အေးစက်​စက်​ သာပြန်​ပြုံးပြခဲ့မိသည်​......
~ထို့​နောက်​ ​လေယာဉ်​ကွင်းမှ ကျွန်​မတို့ ညီအစ်​မနှစ်​​ယောက်​​နေရန်​စီစဉ်​​ပေးထား​သော အိမ်​သို့ ထွက်​လာခဲ့သည်​ .......
ထိုအိမ်​မှာကျွန်​မတို့ ညီအစ်​မနှစ်​​ယောက်​​နေရန်​သာဖြစ်​ပြီး မနှင်း မှာ သူ့၏အိမ်​တွင်​သူ၏အ​မေနှင့်​အတူတူ ​နေသူဖြစ်​သည်​ .....
မမနှင်း တို့ အိမ်​နှင့်​ ကျွန်​မတို့ ​နေရမည့်​ တိုက်​ခန်းမှာ BUS နှစ်​ဆင့်​ စီးလျှင်​ ​ရောက်​သည်​ဟု​ပြောပြပြီး လမ်း​လျှောက်​လျှင်​မူ ၁၅ မိနစ်​ခန့်​ကြာသည်​ဟု​ပြောသည်​.........

ထို့​နောက်​သူတို့ အလုပ်​အ​ကြောင်းများ​ပြောဆို​နေကြချိန်​တွင်​ ကျွန်​မလည်း အပြင်​ဘက်​က လမ်း​ပေါ်မှရှုခင်းမျာ
းကို သာ ​ငေးရင်း လိုက်​ပါလာခဲ့သည်​........

~~~~~~~~~~~~~~~~~~~~

မျှော်​လင့်​ခွင့်​Hikayelerin yaşadığı yer. Şimdi keşfedin