မျှော်လင့်ခွင့် ၁၄

706 58 4
                                    

နားနှစ်ဖက်တွင်တပ်ထားသောနားကြပ်မှ...all of meသီချင်းကို စည်းချက်အလိုက်ကြားနေရသည်......
ကားရိုက်တွေ.......photo shootingတွေ showပွဲတွေ လုပ်လို့မရအောင်ကြပ်နေသော....အချိန်ဇယားတွေကြားမှ နားချိန်ဆိုသည်မှာ တစ်နေရာမှ တစ်နေရာသို့ကူးသော ကားပေါ်တွင်သာရှိတော့သည်.....
သို့သော် အဖွဲထဲမှ ဘယ်သူမှ ညည်းမနေကြပါ...
Exoဟူသော အမည် အခိုင်အမာ ရပ်တည်နိုင်အောင် အဖွဲ့သားတွေ အားလုံး တက်ညီလက်ညီကြိုးစားခဲ့ရသည်.....

များပြားလှသော kpop လောကအဖွဲ့များ ထဲမှ နာမည် တစ်ခုအဖြစ် ရပ်တည်နိုင်အောင် စီနီယာ အဖွဲ့များ ဂျူနီယာ အဖွဲ့များနှင့် ပြိုင်ကာ ကကွက်ဆန်းများ တီးလုံး အသစ်များရှာဖွေခဲ့ရသည်........

ညဥ့်နက် သည် အထိမအိပ်ဘဲ အကတွေလေ့ကျင့်ခဲ့ကြရသည်.....

မတ်တပ်မရပ်နိုင်တော့သည်အထိ အား ကုန်သုံးကာ ကခဲ့ကြရသည်.......

နောက်နေ့အတွက် အချိန်ဇယားတွေကြည့်တာ အတူတူ အားတွေမွေးခဲ့ကြရသည်.....

တစ်ယောက်ကို တစ်ယောက်အားပေးကာ မနက်ဖြန်များကို ဆက်လှမ်းခဲ့ကြရသည်.....

Trainingကာလထဲမှ စ၍ တစ်ဦးနှင့် တစ်ဦး ဖေးဖေးမမ ကူညီခဲ့ကြရသည်........

ဒီကြားထဲ memberသုံးယောက်အတွက် လည်း အဖွဲ့ထဲမှခွဲခွာ ထွက်သွားခဲ့သည်......

ကြာမြင့်လှသော trainingကာလထဲ စ၍ အတူ လက်တွဲလာကြသူများဖြစ်၍ မခွဲချင် ပေ.....

တစ်ဦးချင်းစီ အနုပညာလုပ်ငန်းများ ဆက်လုပ်နေကြသော်လည်း exo ဆိုသည့် အဖွဲ့မှ မခွဲခွာစေချင်ပေ.......

We are one လို့ ပရိသတ်တွေရှေ့ မှာ ခိုင်ခိုင်မာမာ ဆိုခဲ့ကြသည်မဟုတ်ပါလော....

ကျွန်တော်တို့ အားsupportပေးနေသော exolဟူသည့် fanများရှိနေသည်မဟုတ်ပါလော...

ပင်ပန်းကာ လက်လျော့ချင်လာသည့် အခါတိုင်း ရှေ့ဆက်ကြိုးစား နေရမည့် အကြောင်းပြချက်မှာ ကျွန်တော် တို့ အား အစွမ်းကုန် supportပေးနေသော vitamin exol များပင်မဟုတ်ပါလော......

ထို့ပြင်........
အခုတစ်လော ကျွန်တော့် စိတ်ထဲကို ဝင်ဝင်လာနေသော ထို မျက်ဝန်းလေး တစ်စုံရှိနေသေးသည် မဟုတ်ပါလော.......

မျှော်​လင့်​ခွင့်​Hikayelerin yaşadığı yer. Şimdi keşfedin