Tvအစီအစဉ်များကို သိပ်မကြည့်တတ်ပဲ cartoonကားများသာမျိုးစုံကြည့်တတ်သော ကျွန်မ အခု သူပါသောအစီအစဉ်များကိုကြည့်တတ်လာပြီ.....
သူ့ပုံလေးတွေ social network မှာတွေ့ရင် saveတတ်လာပြီ......
မနက်တိုင်းလည်း good morning လို့ ပြန်ပို့တတ်လာပြီ......
Fav listထဲမှာလည်း သူ့ သီချင်းတွေနေရာယူတတ်လာပြီ.....
သူ့နဲ့ဖုန်းပြောချိန် messageအပြန်အလှန်ပို့ ချိန်တွေကို ပြန်တွေးရင်း စိတ်လွတ်လပ်လွတ် ပြုံးတတ်လာပြီ.........
Shoppingထွက်ရင်း သူ့ပုံလေးများတွေ့ရင် အမှတ်တမဲ့လိုလိုနဲ့ဝယ်တတ်လာပြီ.......
ဟုတ်ပါတယ် ကျွန်မ......သူ့ကို ချစ်မိနေပါပြီ...
သူ့၏ ဂရုစိုက်တတ်သော အပြုအမူလေးတွေကို ချစ်မိသွားသည်လား....
သူ၏နားလည်ပေးနိုင်မှု....နှစ်သိမ့်ပေးနိုင်မှုကို ချစ်မိသွားသည်လား.......
သူ၏ နောက်ပြောင်တတ်သော အပြုအမှု လေးများကို ချစ်မိသွားသည်လား.....
သူ၏ အသံဩဩလေးကိုချစ်မိသွားသည်လား......
သူ၏ စင်ပေါ်တင် အားကြိုးမာန်တက် ကြိုးစားတင်ဆက်နေသော ပုံစံ ကို ကြိုက်မိသွားသည်လား.....
ရှည်လျားသော သူ့အရပ်ကိုလား......
ကျွန်မဘယ်တော့မှပုံစံမဖော်တတ်သည့် သူ့ နှုတ်ခမ်းလေးတွေကိုလား.....
သူမိတ်ကပ်လိမ်းထားသည့်ပုံစံကိုလား.....
သူမိတ်ကပ်မလိမ်းထားသည့်ပုံစံကိုလား....
သူက idolတစ်ယောက်ဖြစ်နေလို့လား....ကျွန်မမသိပါ......
အကြိမ်ပေါင်းများစွာစဉ်းစားလည်း အဖြေမထွက်ပါ......
ကျွန်မသူ့ကို သူမိုလို့ချစ်မိပါသည် ......
အကြောင်းပြချက်မရှိပါ.......
ကျွန်မ၏diaryစာအုပ်လေးတွင်လည်း သူ့အကြောင်းများတဖြည်းဖြည်းနေရာယူလာပြီဖြစ်သည်......သူ့အားအဖြေပေးသည့်နေ့တုန်းက.....
ဖုန်းပြောပြီးခါနီးတွင် သူကထုံးစံအတိုင်း အဖြေတောင်းသည်.....
ကျွန်မကလည်း မကြားချင်ယောင်ဆောင်ပြီးချပစ်သည်....
أنت تقرأ
မျှော်လင့်ခွင့်
أدب الهواة~~လူဆိုတာမျှော်လင့်ချက်နဲ့အသက်ရှင်နေကြတာပါလို့ပြောကြတယ်...... ~~မျော်လင့်ချက်မရှိရင် ဘဝကရှင်နေရက်နဲ့သေနေသလိုမျိုးပဲတဲ့.......... ~~ဒါပေမယ့် မမျှော်လင့်သင့်တာကိုမျှော်လင့်မိမယ်ဆိုရင်ရော..,... ~~မဖြစ်နိုင်တာကိုမျှော်...