မျှော်​လင့်​ခွင့်​၅

837 58 0
                                    

အခန်းထဲရောက်သည်နှင့် ရှေ့လည်းမရောက် နောက်လည်းမကျသော နေရာ တစ်ခုတွင်ဝင်ထိုင်လိုက်သည်........
..............................skip....................................ကျောင်တက်တာ တစ်ပတ်ပြည့်ပြီ..........
ရှားရှားပါးပါး သူငယ်ချင်းနှစ်ယောက်ရထားသည်
ဂျီမင်မှာ ကိုရီးယားလူမျိုး နယ်ဘက်မှလာသူဖြစ်ပြီး seoul တွင်အဒေါ်တစ်ယောက်ထံတွင်နေသူဖြစ်သည်.... ကျွန်မတို့အိမ်မရောက်ခင် နှစ်မှတ်တိုင်လောက်အလိုတွင်ဆင်းရသူ ဖြစ်သောကြောင့် ကျွန်မနှင့် ကျောင်းသွားဖော်ဖြစ်နေသည်.....
ဆိုယွန်းမှာ soul ဇာတိဖြစ်ပြီး ဂျီမင်နှင့်ပတ်သတ်ပြီးသိခဲ့ရသူဖြစ်သောကြောင့် ဂျီမင်လောက်မရင်းနှီးသော်လည်း ကျောင်းတွင်တော့ ကျွန်မတို့သုံးယောက် တွဲဖြစ်ကြသည်.....
နှစ်ယောက်လုံးမှာပွင့်လင်းသူများဖြစ်သောကြောင့် အ​နေခက်တာမျိုးတော့မရှိပေ.....ကျွန်မ၏ကိုရီးယားသံဝဲဝဲကို စိတ်ရှည်လက်ရှည် နားထောင်ပေးကာ ကိုရီးယားယဉ်ကျေးမှုများနှင့်ရင်းနှီးလာအောင် သင်ပေးသူများလည်းဖြစ်သည်.....
Canteen တူတူ ထိုင်ကာ စာများလည်း ဆွေးနွေးကြသည်....အရင်ကျောင်းမှာ အတော်ဆုံးမဟုတ်သော်လည်း ၁ မှ၂၀ အတွင်းဝင်သောကျွန်မသည် ကျောင်းစာများနှင့်တစ်ဖြေးဖြေး ကျွမ်းဝင်လာကာ ပျော်လာသလိုလို ရှိလာသည်.....
သူငယ်ချင်များနှင့် အတူတူ ရယ်မောနေချိန်တွင် ရင်ထဲမှ ဒဏ်ရာကိုမေ့ပျောက်နိုင် သယောင်ယောင်ရှိလာသည်....
နှစ်ယောက်လုံးမှာ ကျောင်းမှ ကလပ်အသီးသီးကို ဝင်ထားကြ သူများဖြစ်သည်......
ဆိုယွန်းက ဓာတ်ပုံ ကလပ်ကို ဝင်ထားသည်.....သူပြောပုံအရဆိုလျှင် ကျောင်းမှာ နာမည်ကြီး idol များရှိသည်ဟုဆိုကာထိုသူများက ဓာတ်ပုံကလပ်တွင် တစ်ခါတစ်ရံ model လုပ်ပေးကာ အသင်းဝင်ထားသူများလည်းရှိသည်ဟုဆိုသည်.....ဤသည်​မှာသူဓာတ်​ပုံကလပ်​ဝင်​ရခြင်း၏အ​ကြောင်းပြချက်​ဟုလည်းဆိုသည်​....
ဂျီမင်မှာ tennisကလပ်တွင်ဝင်ထားကာ အားကစားကိုအတော်လိုက်စားသည်.....
နှစ်ယာက်လုံးက ကျွန်မကို သူတို့၏ကလပ်များသို့ဝင်ရန်မဲဆွယ်ကြသော်လည်း စာလေ့လာရဦးမည်ဟူသောအကြောင်းပြချက်ဖြင့်ငြင်းထားသည်​......​နောက်​ဆုံးတွင်​နှစ်​​ယောက်​လုံးလက်​နက်​ကုန်​သုံးကာ နှစ်​​ရက်​လောက်​ စကားမ​ပြော​တော့မှ​နောက်​လတွင်​ဝင်​မည်​ဟူ​သော ကတိကို​ပေးလိုက်​ရသည်​....
မမကမူ သာမာန်​​ကျောင်းသူများအတိုင်း ကလပ်​ များတွင်​ပါဝင်​လှုပ်​ရှားခြင်းကိုအား​ပေးကာ ကျွန်​မ ၏သူငယ်​ချင်းနှစ်​​ယောက်​ ကို ​ကျေးဇူးတင်​​နေ​သေး​ပြန်​သည်​......​ရှေ့​နေငှား​မှ​ထောင်​လုံးလုံးကျသည်​ဟု​ပြော​သောအခါ မျက်​လုံးများပိတ်​သည်​အထိ ရယ်​​တော့သည်​.......
ဒီလတွင်းတွင်​ ကိုရီးယားစာကျွမ်းကျင်​စွာ​ရေးတက်​ရမည်​ဟု သတ်​မှတ်​လိုက်​သည်​.....သို့မှသာ ​နောက်​လများတွင်​စိတ်​​အေးချမ်းသာစွာ ပါဝင်​နိုင်​မည်​ဖြစ်​သည်​......
ချစ်​လှစွာ​သောသူငယ်​ချင်းနှစ်​​ယောက်​​ကျောင်းဆင်းချိန်​တွင်​ သူတို့ ၏သက်​ဆိုင်​ရာ ကလပ်​များသို့ သွား​ရောက်​နေချိန်​တွင်​ကျွန်​မလည်း လွယ်​အိတ်​​လေးကို လွယ်​ကာ စာကြည့်​တိုက်​သို့ထွက်​လာခဲ့သည်​.... စာကြည့်​တိုက်​သွားလွန်း​သော ကျွန်​မအားထိုနှစ်​​ယောက်​က စာကြည့်​တိုက်​​စောင့်​နင့်​လွဲ​နေမည်​ဟု စ​နေ​သော​ကြောင့်​ စိတ်​​ကောက်​ချင်​ဟန်​​ဆောင်​ပြီး နှုတ်​ခမ်းဆူလိုက်​လိုက်​ရာ ထိုနှစ်​​ယောက်​ ဗိုက်​နှိပ်​ပြီးရယ်​ရင်းကျန်​ခဲ့​တော့သည်​............................... .......................library......................
တစ်​​ကျောင်းလုံးတွင်​ကျွန်​မအကြိုက်​ဆုံးမှာ စာကြည့်​တိုက်​ ပင်​ဖြစ်​သည်​.....
ကျောင်းစာနှင့်​ပတ်သက်​​သောစာအုပ်​များသာမက ကျန်​​သော စာအုပ်​များလည်း အစုံအလင်​ ရှိသည်​ ....သို့​သော်​ကျွန်​မဖို့ ကိုရီးယားဘာသာဖြင့်​​ရေးထား​သောစာအုပ်​တစ်​အုပ်​ကိုဖတ်​ရန်​အနည်းဆုံး၁ ပတ်​ကြ​လေသည်​......
ဒီ​နေ့လည်းစာကြည့်​တိုက်​တွင်​ ကိုရီးယားက​လေးများ​ကျောင်းစာစသင်​ချိန်​တွင်​ စကိုင်​​သော ဖတ်​စာအုပ်​များနှင့်​ ကိုရီးယားအက္ခရာများသင်​​ပေး​သော စာအုပ်​များအား လိုက်​ရှာ​နေမိသည်​........
တက္ကသိုလ်​ တစ်​ခုတွင်​ထိုစာအုပ်​များ လိုက်​ရှာ​သော လူမှာ​အ​တော်​နည်း​နေပြီဖြစ်​ရာ ထိုစာအုပ်​များထား​သော အတန်းမှာ စာကြည့်​တိုက်​၏ ​ထောင့်​တွင်​ရှိ​သော စင်​များ၏အ​တော်​မြင့်​​သော အတန်းများတွင်​စဉ်​ထားသည်​.......
ကျွန်​မ၏အရပ်​မှာ ၅ ​ပေ ၄ လက်​မ ရှိ​သော်​လည်း ထိုစင်​ များမှ စာအုပ်​များကို မြင်​နိုင်​ရန်​ပင်​ ​ခြေဖျားကို အစွမ်းကုန်​​ထောက်​ထားမှ မြင်​ရ​လေသည်​..........
မတက်​နိုင်​​ပေ.....​ခြေဖျား​ထောက်​လျက်​ကပင်​ ​ခေါင်းကို အစွမ်းကုန်​​မော့၍စင်​​ဘေးမှ ကပ်​လျက်​ ဂဏန်​သွား​လျှောက်​လာခဲ့သည်​......မျက်​လုံးမှလည်းလိုချင်​​သောစာအုပ်​ကို ပြူးပြဲ ကြည့်​ရ​သေးသည်​.......
.

..........................ဒုတ်​.................အ......

အ​ပေါ်သို့​မော့ကြည့်​​နေရင်းသွား​နေ​သောကျွန်​မ၏ ကျွန်​မ၏​ခြေ​ထောက်​သည်​ ​အောက်​ကြမ်းပြင်​တွင်​ ရှိနေ​သော အရာတစ်​ခုအားအားပြင်းပြင်းနှင့်​တိုက်​မိသွားသည်​.....
ချက်​ချင်းလှည့်​ကြည့်​လိုက်ရာ ​တွေ့လိုက်​ရ​သောအရာမှာ..........................

..................​ခြေနှစ်​​ချောင်းကို အားရပါးရ ကြမ်းပြင်​တွင်​ဆင်းပြီး စင်​တစ်​ခု ကို​ကျောမှီကာ လက်​နှစ်​ဖက်​ကို ခပ်​တင်းတင်းပိုက်​ထားပြီး ​ခေါင်းတွင်​ မူ ဉီးထုပ်​​ဆောင်းထားရုံသာမက ​ခေါင်းစွပ်​ပါစွပ်​ထား​လေသည်​........

မျှော်​လင့်​ခွင့်​Tempat cerita menjadi hidup. Temukan sekarang