မျှော်လင့်ခွင့် ၁၃

624 57 0
                                    

တင်းတောင်.....
Line ၏message notiသံနှင့်အတူ.....
ကျွန်မလည်း နိုးလာခဲ့သည်......
မနေ့က ကိုယ့်ဘာသာကိုယ် ဘယ်လောက်ငိုမိမှန်းမသိ မျက်လုံးတို့က ကျိန်းစပ်နေသည်......
ခုတင်ဘေးက ခုံပေါ်တွင်တင်ထားသော ဖုန်းအား လှမ်းဆွဲယူလိုက်ပြီး အိပ်ချင်မူးတူးဖြင့် ကြည့်လိုက်သည်........

Good morning.....
နိုးပြီလား......
အိပ်နေတုန်းလား......
သူများတွေများကောင်းလိုက်တာ အခုထိအိပ်တုန်း......
ကိုယ်တွေတော့ training ဆင်းပြီး..ကျောင်သွားဖို့ ပြင်ရဦးမယ်.....

အဆုံးမရှိသော notiသံနှင့်အတူ message တို့က ဆက်တိုက်ဝင်လာခဲ့သည်......

အိပ်ချင်စိတ်များပင် ပျောက်ကာ မျက်လုံးတို့ ပြူးကျယ်လာခဲ့သည်........

ထို့နောက် မနေ့က စိတ်တိုင်း ကျ ထုရိုက်ခဲ့သော....
အကြောင်းပြချက်မရှိပြောချင်ရာပြောခဲ့သော....
ပုံရိပ်တို့က စိတ်ထဲပြန်ဝင်လာတော့မှ ကိုယ့်ကို ကိုယ်မှားမှန်းသိတော့သည်........
တကယ်ဆို ကျွန်မသူ့ကို ထိုသို့ လုပ်ရန် အကြောင်းမရှိပါ..........
ကျွန်မမအား နှစ်သိမ့်ပေးသော သူ့အား ရိုင်းပြစွာပင်ဆက်ဆံခဲ့သည်....
ကျေးဇူးတင်စကားပင် မပြောပဲ ထွက်လာခဲ့သည်...

တင်းတောင်.....ထပ်မြည်လာသောnotiသံ ကြောင့် ပြန့်နေသော စိတ်တို့ ပြန်လည်လာခဲ့သည်.......

ပြန်တောင်မပြောတော့ဘူးပေါ့..TT....

အာ့တော့မှကျွန်မလည်း ......ကျွန်မဖတ်နေသမျှ messageတို့ သည် သူ့ဘက်တွင် seen ပေါ်နေမည်ကို သတိရတော့သည်.....

ကျောင်းကျမှ တွေ့ရအောင်......

အဆက်အဆက်မရှိသော message အားပြန်ပို့ လိုက်သည်.....

ကောင်းပြီလေ...သူ့ဘက်က messageပြန်ရတော့မှ ကျွန်မလည်း ရေမိုးချိုးဖို့ပြင်ရသည်.......

ကျောင်းမှာတွေ့ရအောင်ဟု ပြောလိုက်သော်လည်း....နေရာကတော့ ပြောစရာမလိုပါ..ကျွန်မတို့ နှစ်ယောက်တွေ့လို့ရ သည့်နေရာမှာ စာကြည့်တိုက် ချောင်သာရှိသည်...

ရေအေးအေးတို့ ခေါင်းပေါ်မှ ကျဆင်းလာတော့မှ စိတ်အနည်းငယ်သက်သာရတော့သည်......

မျှော်​လင့်​ခွင့်​Donde viven las historias. Descúbrelo ahora