မျှော်​လင့်​ခွင့်​ ၆

5.3K 70 1
                                    

အတိုက်​ခံရ​သောသူ​တော့ မသိ တိုက်​လိုက်​​သောကျွန်​မ​တော့ ​တော်​​တော်​ ကို အီသွားသည်​.......
ဘာလို့ ဒီလို​ချောင်​ကြားထဲမှာလာအိပ်​​နေမှန်းမသိ...
သူလည်း အိပ်​​နေရာမှ နိုးသွားဟန်​ရှိ​သော​ကြောင့်​ ကျွန်​မ လည်း အနား သို့ ကပ်​ကာ တိုးတိုး​လေး ​ပြောလိုက်​သည်​ ..
. ....​တောင်းပန်​ပါတယ်​ အရမ်းနာသွားလာဟင်​ မမြင်​မိလို့ပါ........
စာကြည့်​တိုက်​ထဲမှာဆို​တော့ ​အော်​​ပြောလို့ လည်းမရ​ပေ........ထိုသူကသူ၏​ခေါင်းစွပ်​ကို ချွတ်​လိုက်​ကာ .....ရပါတယ်​ဆို​သောအပြုံးနှင့်​ပြုံးလိုက်​သည်​ .....ဉီးထုပ်​​အောက်​မှမြင်​ရသည်​မှာ အ​တော်​​ဖြောင့်​​သော ​ယောကျာ်းတစ်​ဉီးဖြစ်​​နေသည်......သူက အိပ်​ချင်​​နေ​သော မျက်​လုံးများနှင့်​ ထိုင်​ရက်​ပင်​ပြန်​အိပ်​ရန်​ မျက်​လုံးများကို မှိတ်​လိုက်​သည်​......
awww သူကအဆင်​​ပြေ​နေတာပဲဟု ကိုယ့်​ဘာသာကို ​ဖြေ​တွေးကာစာအုပ်​စင်​ဘက်​ပြန်​လှည့်​လိုက်​သည်​.....
စိတ်​ထဲတွင်​ ထိုသူအားရင်းရင်းနှီးနှီး​တွေ့​ဖူး​နေသည်​ဟုထင်​​သော်​လည်း ဘယ်​တုန်းကမျှ​ယောကျာ်း​လေးများနှင့်​ ရင်းရင်းနှီးနှီးမ​နေဖူးသည်​မို့ စိတ်​ထဲထင်​​နေတာပါဟု​တွေးလိုက်​သည်​.....

......................အားးးး..............

တွေ့ပြီ.....ရှာလိုက်​ရ​သော စာအုပ်​က အခု မှ​တွေ့ရ​တော့သည်​ ......အ​စောက ​နေရာနှင့်​ နှစ်​လှမ်းသုံးလှမ်းမျှသာ လှမ်းရ​သေးသည်​ထွက်​လာသည်​ ......စာအုပ်​များမှာ သိပ်​အသုံးမပြုကြဘူးထင်​သည်​.....ကြပ်​ညက်​​နေ​အောင်​ထည့်​ထားပြီး.....ဆွဲထုပ်​ရန်​ခက်​​နေသည်​........​ခြေဖျား​ထောက်​ထားရသဖြင့်​ သိပ်​လည်းအားမစိုက်​နိုင်​......​နောက်​ဆုံးမျက်​စိမှိတ်​၍အားကုန်​ဆွဲထုတ်​လိုက်​ရာ ကြပ်​​နေ​သောစာအုပ်​များ အတွဲလိုက်​ပြုတ်​ကျလာသည်​.........
အရှိန်​ပြင်းစွာပင်​စာအုပ်​နှစ်​​အုပ်​သုံးအုပ်​၏​စောင်းက ​ခေါင်း​ပေါ်သို့ တည့်​တည့်​ ပြုတ်​ကျလာသည်​....
ေ​ယာင်းရမ်း ပြီးစာကြည့်​တိုက်​ထဲမှာဟူ​သောအသိကို​မေ့ကာ ​အော်​လိုက်​မိပြီး ​ခေါင်းကို ကိုင်​ကာ စာအုပ်​များအလယ်​တွင်​ငုတ်​တုတ်​ထိုင်​ချလိုက်​မိသည်​.....နာကျင်​မှု​ကြောင့်​ မျက်​ရည်​များပင်​လည်​လာကာ ​ခေါင်း​ပေါက်​သွားပြီလားဟုပင်​ ပြန်​စမ်းမိသည်​......
ထို့​နောက်​ပြုတ်​ကျလာ​သောစာအုပ်​များကို ပြန်​​ကောက်​​နေစဉ်​ .....အဆင်​​ပြေလားရဲ့လားဟူ​သော....စကားသံနှင့်​အတူ အ​စောက အိပ်​​နေ​သောလူ၏​ခြေ​ထောက်​ကိုမြင်​လိုက်​ရကာ သူပါစာအုပ်​များကို ကူ​ကောက်​​ပေး​နေသည်​...........
ခေါင်းငြိမ့်​ပြလိုက်​​သောအခါ မျက်​ရည်​က ​တောက်​က​နဲ ကျသွားသည်​........မျက်​ရည်​များကို လက်​နှင့်​သုတ်​လိုက်​ပြီးမတ်​တပ်​ရပ်​လိုက်​​သောအခါ သူက စာအုပ်​များကို ​နေရာသို့ပြန်​ထည့်​​နေပြီဖြစ်​သည်​....ကျွန်​မ လက်​ထဲမစာအုပ်​များကိုလည်း လှမ်း​တောင်းရာ ​ယောင်​​တောင်​​တောင်​နှင့်​​ပေးလိုက်​သည်​....ပြီးမှ စာအုပ်​ယူရမည်​ကိုသတိရကာ ကြည့်​လိုက်​​တော့ စာအုပ်​များကသူ့နေရာနှင့်​သူပြန်​​ရောက်​​နေပြီ........
.........သွားပြီ... ကျွန်​မကိုယ့်​ဘာသာ​ရေရွတ်​လိုက်​ကာ စာအုပ်​ကို ​ခြေဖျား​ထောက်​ပြီးပြန်​ဆွဲ​တော့ .....ဟတ်​ ...ဟူ​သောရယ်​သံသဲ့သဲ့နှင့်​ အတူ ကျွန်​မလက်​လှမ်းလိုက်​​သောစာအုပ်​ကို စာအုပ်​စင်​မှ ဆွဲယူလိုက်​ကာ ကျွန်​မထံသို့ လှမ်း​ပေးလိုက်​သည်​..........
သူများအရပ်​ပုတာကို ရယ်​စရာလား ....၅​ပေ၄သည်​ သိပ်​​တော့မပုလှပါ......အခုမှ သတိထားမိသည်​ မှာသူသည်​ အရပ်​​အ​တော်​ရှည်​​သော ​ယောကျာ်းတစ်​​ယောက်​ဖြစ်​သည်​..........​Gomarwoyaw... ကျွန်​မ​လေသံနှင့်​​ပြောကာ သူ့​ရှေ့မှပြန်​လှည့်​လာခဲ့သည်​............

.အခုဒီအချိန်​ဖြစ်​ခဲ့​သော မ​တော်​တဆမှုသည်​ ​နောင်​တစ်​ချိန်​တွင်​ အမှတ်​တရဖြစ်​လာလိမ့်​မည်​ဟု ထိုအချိန်​ကမစဉ်းစားမိခဲ့​ပေ...................

မျှော်​လင့်​ခွင့်​Hikayelerin yaşadığı yer. Şimdi keşfedin