မျှော်လင့်ခွင့် ၎

847 66 0
                                    

နောက်နေ့တွင်မမကကျောင်း တက်ရန် လိုအပ်သော ပစ္စည်းများနှင့် အဝတ်အစားများ ဝယ်ပေးမည်ဟုဆိုကာ ညီအစ်မ နှစ်ယောက် shopping ထွက်လာခဲ့ကြသည်........
Shopping မထွက်သည်မှာဘယ်နှစ်လ ရှိပြီမှန်းကိုမသိတော့ပေ....နောက်ဆုံးပေါ် သီချင်းများလည်း မသိတော့.... fashion အမြင်များလည်း မရှိတော့ကာ နောက်မှလျှောက်လိုက်ရုံသာဖြစ်ပြီး မမက သာ အကုန်စီစဉ်ပေးခဲ့သည်......
Poster ကြီးများနှင့်အတော် စီစဉ်ထားသော ဆိုင်များကို ကြည့်ရုံနှင့် fashion ကို အတော်အလေးထားမှန်းသိသာသည်....
မြန်မာ့ရာသီဥတုနှင့်ယှဉ်လျှင် အတော်အေးသည်မို့ အနွေးထည်များကိုသေချာဝယ်ရသည်......
မည်မျှပင်အေး စေကာမူ ရေခဲမုန့်ကြိုက်သော ကျွန်မဖို့ ရေခဲမုန့်ဝယ်စားရန်မမေ့ခဲ့ပေ........
ကျောင်းမှာ နာမည်ကြီးကျောင်းတွင်အပ်ပေးထားသည်ဟုဆိုသော်လည်း လူ့အဖွဲ့အစည်းအတွင်းသို့ ပြန်စဝင်သော ကျွန်မဖို့ ဘာသာစကားမတူ လူမျိုး ကွဲများနှင့်ဆက်ဆံရမည်မှာ စိန်ခေါ်မှု တစ်ခုလိုဖြစ်နေပါတော့သည်.....
~~~~~~~~~~~~~~~~~~~~~~~~
Korea သို့ ရောက်ပြီးတစ်ပတ်ကြာတွင်ကျောင်းစတက်ရတော့သည် ....မမလည်း ဒီနေ့ ရုံးစတက်ရမည်ဖြစ်၍....အိမ်ကို သော့သာစောင့် မည်ဖြစ်သည်.....
မနက်မိုးလင်းသည်နှင့်စိတ်ကြည်အောင် ရေနွေူနွေးလးနှင့်တစ်ဝကြီးချိုးကာ ကိုယ့်ကိုကိုယ် အားတင်းလိုက်သည်......စိတ်လှုပ်ရှားမှုကြောင့် မနက်စာလည်း ကောင်းကောင်း စားမနိုင်ပေ.......လွယ်အိတ်လေးကိုလွယ်ကာ အိမ်ပ်ါမှဆင်းလာခဲ့သည်....မမကမူ သူ၏သူငယ်ချင်းနှင့်တူတူသွားမည်ဖြစ်သည်.....ထွက်လာခါနီး တွင်စိတ်မချသလိုကြည့်နေသောမမအား အပြုံးလှလှလေးပေးကာ...အိမ်အောက်သို့ဆင်းလာခဲ့သည်..........
ဖြတ်တိုက်လာသော လေစိမ်းများကြောင့် အနွေးထည်ကို လည်ပင်းထိလုံအောင်ဆွဲတင်လိုက်ကာ...ခက်သွက်သွက် bus stop သို့ လျှောက်လာခဲ့သည်...
ကျောင်းမှာ bus ကား ၁၅မိနစ်လောက်စီးလျှင်ရောက်မည်ဖြစ်သည်......
အရင်နေ့တုန်းက အစ်မနှစ်ယောက်နှင့် ကျောင်းသို့သွားကြည့်ပြီးပြီဖြစ်ရာ အရမ်းတော့ စိမ်းမနေပေ........
Bus ကားပေါ်ရောက်သည်နှင့် the climb သီချင်းကို ဖွင့်ကာ ကိုယ့်ကို ကိုယ် အားပေးနေမိသည်....
~~~~~~~~~~~~~~~~~~~~~~~~
ကျောင်းပေါက်ဝသို့ရောက်သည်နှင့် ရောင်စုံလူများကို မြင်ရသည်.....
ခေါင်းစွပ်ပါသော အနွေးထည် အက်ႌေအာက္မွ ရွပ္အက်ႌအျဖဴေလးကို ဝတ္ကာ ဂျင်းဘောင်းဘီအရှည်နှင့် walking shoes ကိုဝတ်ထားသော ကျွန်မသည် fashionကို သိပ်ဂရုမစိုက်မည့်ပုံမှာပေါ်လွင်နေသည်.......
ခြေစုံရပ်ကာ အသက်ကို ထပ်မရှူ နိုင်တော့သည်အထိ ရှူသွင်းပြီးရှူမထုပ်နိုင်တော့သည့်အထိ ရှူထုပ်လိုက်ကာ စိတ်ငြိမ်အောင်လုပ်လိုက်သည်.......

မျှော်​လင့်​ခွင့်​Donde viven las historias. Descúbrelo ahora