{ Unicode }
hyungနဲ့ပတ်သက်ရင် အကုန်သဘောကျတယ် မဟုတ်ဘူး နှစ်သက်တာ ကြိုက်တာ စွဲလန်းမိတာထက် ချစ်တာ ဟုတ်တယ် ကျွန်တော် hyung ကိုချစ်တယ် အပိုတွေမဟုတ် အလိမ်အညာတွေမပါဘဲ hyung ဆိုတဲ့ဖြစ်တည်မှုနဲ့ hyung ရဲ့အပြုအမူ အရာအားလုံးကို တစ်ကယ်ချစ်တယ်
နှစ်နှစ်ကာကာပေါ့နှုတ်ခမ်းထူထူလေးကို မက်မောတယ်
နီထွေးထွေးနှုတ်ခမ်းပေါ်က မှဲ့စက်လေးကို
စွဲလန်းတယ် လက်ချောင်းသွယ်သွယ်လေးတွေကို သဘောကျသလို ခြေချောင်းဖြူဖြူလေးတွေ
ကိုလည်းနှစ်သက်တယ်
ဆံပင်အနက်ရောင်ဖွာဖွာလေးတွေကို
နမ်းရှိုက်ချင်မိတယ် မျက်နှာနုနုလေးပေါ်က
အပြုံးလှလှလေးတွေကို အမြဲထိုင်ကြည့်ချင်တယ်
မျက်မှောင်လေးကြုံ့ပြီး တစ်ခုခုကို အာရုံစိုက်ချိန်ဆို အသည်းယားလို့ ငုံထားချင်တယ်မျက်စိပေါ်ကျနေတဲ့ ဆံပင်လေးတွေကို
ခေါင်းလေးယိမ်းပြီး ခါလိုက်တိုင်း ပြုံးမိတယ်
ရွှန်းလဲ့လဲ့မျက်ဝန်းတွေကို သေချာစိုက်ကြည့်ချင်တယ် လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှုရှိသလို အပြုအမူတိုင်းက ချစ်စရာကောင်းနေပြန်ရော ကျွန်တော်ချစ်ရတဲ့ hyung ပဲလေ ~~~
hyung အပေါ်ကျွန်တော့်ခံစားချက်လေးတွေကို
ချရေးမိခဲ့တဲ့ တစ်ချိန်တုန်းကပေါ့ ရူးကြောင်ကြောင် ကောင်လေးတစ်ယောင်ရဲ့ ရူးမိုက်တဲ့အချစ်တွေလေ
hyung လို့နာမည်တပ်ထားတဲ့ စာအုပ်ထဲ စာရွက်တစ်ချို့ပေါ်က ကျွန်တော့်စာသားတွေကြည့်ပြီး
ပြုံးမိတယ်အချစ်စစ်ကိုရှာတွေ့သွားတဲ့သူတွေက အချစ်ဆိုတာကို ထုတ်ဖော်မပြဘဲ ရေးကြီးခွင်ကျယ်မလုပ်ဘဲ သိုသိုသိပ်သိပ် feel ကြတယ် ဟုတ်တယ်
ကျွန်တော်လည်း ထုတ်ဖော်မပြဘဲ တစ်ယောက်ထဲ ခံစားတာအသားကျနေပြီ ဒါဆို hyung ကို
အချစ်စစ်နဲ့ချစ်မိသွားလို့လားhyung ကိုခံစားချက်တွေထုတ်မပြပေမယ့်
ကျွန်တော့်မျက်လုံးတွေကို ကျွန်တော်မလုံခဲ့ဘူး hyung ကိုစိုက်ကြည့်မိတဲ့ ခိုးကြည့်မိတဲ့ မျက်ဝန်းတွေနဲ့ တစ်ဆက်တည်း ပြုံးမိတဲ့ နှုတ်ခမ်းပါးတွေကို ကျွန်တော်လျစ်လျူရှုချင်တယ် ဒါပေမယ့်လေ
အဲ့မျက်လုံးတွေ နှုတ်ခမ်းတွေက hyung နဲ့တွေ့ရင် ထိန်းချုပ်မရတာခက်တယ်