Honestly ......, I love you * Part-4 *

429 41 6
                                    

" hyung သက်သာရဲ့လား ခေါင်းကနာနေသေးလားဟင် "
" ဟင် aww ဘာမှမဖြစ်တော့ဘူး သက်သာတယ် "
" တစ်ကယ်လား သေချာလို့လား "
" အင်း …… hyung အလုပ်သွားတော့မယ် "
" ဟင် အစောကြီးလား မနက်စာရော "
" အလုပ်မသွားခင် ဝင်စရာလေးရှိလို့
မနက်စာက အဆင်ပြေသလို စားလိုက်မယ်"
" ဟာ အဆင်ပြေသလိုဆို စားတော့မှာမဟုတ်ဘူး သိတယ် ခဏစောင့်ဦး "
" သွားရတော့မှာ ဘာလုပ်ဦးမလို့လဲ "
" နေပါဦးဆို "

ခဏကြာတော့ ~~~~
" ရော့ လမ်းမှာစားသွား ဒါမှမဟုတ်လည်း အလုပ်ရောက်တာနဲ့တန်းစား စားဖြစ်အောင်စားနော် မနက်စောစောထပြီးလုပ်ထားတာ စားစေချင်လို့ တူတူစားမလို့ကို အခှုတော့တစ်ယောက်ထဲ စားရတော့မယ် "
ChangKyun ရဲ့ ပွစိပွစိပြောသံနှင်အတူ HyungWon လက်ထဲသို့ ရောက်လာတာက မုန့်ဘူးလေးတစ်ဘူးနဲ့ ဓါတ်ဗူးတစ်ဗူး ………
မုန့်ဘူးထဲမှာတော့ sandwich လေးတွေ ဓါတ်ဗူးထဲမှာတော့ ကော်ဖီ

" ကျေးဇူးနော် ဒါဆို hyung သွားပြီ ကျောင်းသွားရင် ဂရုစိုက် "
" hyung လည်းဂရုစိုက်နော် "
အောက်ထိလိုက်ပို့ဖို့လုပ်နေတဲ့ ကလေးကို တံခါးဝကနေသာ အတင်းနှုတ်ဆက်ပြီး ပြန်ဝင်ခိုင်းလိုက်ရတယ် HyungWon တစ်ယောက် ပိတ်သွားတဲ့တံခါးလေးကိုမီရင်း တ ဒုတ် ဒုတ် ဖြစ်နေတဲ့ ရင်ဘတ်ဘယ်ဘက်ခြမ်းကို လက်လေးအုပ်ရင်း ပြုံးမိတယ် ………

@  ရင်ခုန်တတ်ပြီတဲ့လား ဟုတ်တယ် ကိုယ် ရင်ခုန်တတ်ပြီ ကလေးရယ် မင်းကြောင့် ……… ကျေးဇူးပါ ခံစားချက် အသစ်အဆန်းလေးကို ခံစားခွင့်ပေးလို့ အချစ်ဆိုတာကို သိခွင့်ရအောင် ဖန်တီးပေးလို့ ပြီးတော့ ကိုယ့်ရဲ့ ချစ်ရသူလေးအဖြစ် တည်ရှိပေးလို့ အရမ်းချစ်မိနေပြီ ခေးရယ် @

# တစ်ကယ်တော့ အလုပ်မသွားခင် ဘယ်မှဝင်စရာမရှိ နှစ်ယောက်အတူ မနက်စာစား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိ မျက်လုံးချင်းဆုံမိရင် မနေတတ် မထိုင်တတ် ဖြစ်မှာစိုးလို့ ပြီးတော့ အခုတလော ခေးနဲ့ စကားပြောဖို့တောင် တစ်မျိုးဖြစ်နေတာ မလုံမလဲနဲ့ အဲ့ဒါတွေကြောင့် ကျွန်တော် ညာပြီးထွက်လာတာ သိတယ်မလား ချစ်တတ်စဆို ရှက်ရမ်းရမ်းတတ်တယ်လေ အဲ့ဒါကြောင့်လည်း ညက ခေါင်းနာပြီးပြီ ဟင်းးးး Chae HyungWon မင်းတော့မလွယ်ဘူး အခုမှအစကို ……… #

Honestly...,I love u Hikayelerin yaşadığı yer. Şimdi keşfedin