Honestly...,I Love you * Part-2 *

529 51 13
                                    

{ Unicode }

နောက်နေ့တွေကို ပုံမှန်ပဲဖြတ်သန်းခဲ့တယ် hyung ကအလုပ်သွား ကျွန်တော်ကကျောင်းသွား မနက်စာကို အိပ်ရာအရင်နိုးတဲ့သူပြင်တယ် ညစာကတော့ နှစ်ယောက်လုံး အပြင်မှာစားတာများတယ် ကျွန်တော်တစ်ယောက်ထဲဆိုတော့ ပျင်းတာနဲ့ ချက်မစားဖြစ်ဘူး hyung က အိမ်ပြန်နောက်ကျတာများတယ်လေ

တစ်နေ့တစ်နေ့တွေ့ချိန်နည်းပေမယ့် ပိတ်ရက်တွေကိုတော့ စကားအများကြီး ပြောဖြစ်ကြတယ် ဟိုပြောဒီပြောပေါ့ ဒါပေမယ့် အချိန်နှစ်နှစ်အတွင်းမှာ ကျွန်တော်တို့တစ်ယောက်တစ်ယောက် ဖုံးကွယ်ထားတာတွေ ရှိနေတုန်းပဲ အဲ့ဒါကိုယ့်အကြောင့်ကိုယ်မပြောကြတာ

ဟုတ်တယ် hyung လည်းသူ့အကြောင်းသိပ်မပြောသလို ကျွန်တော်လည်းမပြောဖြစ်ခဲ့ဘူး တမင်လျို့ဝှက်တာမဟုတ်ပေမယ့် ဒီလိုပဲ တစ်ယောက်တစ်ယောက်လည်းမမေးခဲ့ကြဘူး ဒီလောက်အချိန်မှာ နှစ်ယောက်သား ဒီလိုပဲနေခဲ့မိတာ ထူးဆန်းသား

ကျွန်တော်တို့နှစ်ယောက် တဖြည်းဖြည်းရင်းနှီးလားတယ် ပိုခင်လာတယ် ကျွန်တော်ကတော့ ပိုချစ်လာတယ် hyung ကတော့ ညီလေးတစ်ယောက်လိုပဲ ဆက်ဆံခဲ့တယ် ကျွန်တော်ကလည်းခံစားချက်တွေကို hyung ဆိုတဲ့ စကားလုံးနဲ့ ဖုံးထားဆဲပေါ့

ရာသီစက်ဝန်းတွေ မှန်မှန်ကန်ကန် လည်ပတ်ခဲ့ပေမယ့် မူမမှန်တာ ကျွန်တော့်စိတ် ဟုတ်တယ် အရူးလိုပဲ hyung ကိုရင်ခုန်ခဲ့မိတာ ဒါတွေ hyung မသိဘူး မသိလည်းရတယ် ကျွန်တော်ချစ်နေရရင်ပြီးတာပဲလေ

* hyung လို့ခေါ်ဆဲ ဒီနှုတ်ခမ်းဖျားက
ချစ်မိနေဆဲ ဒီနှလုံးသားက
ခိုက်ခိုက်တုန်အောင် ချမ်းအေးလှတဲ့
ဆောင်းရာသီကုန် နေ့တစ်နေ့မှာ
ကျွန်တော့်နှလုံးသား ခိုက်ခိုက်တုန်ကာ
လှုပ်ရှားခဲ့သည်
ဟုတ်ကဲ့ .... ကျွန်တော် hyung ကို
အေးချမ်းစွာဖြင့်
ခိုက်ခိုက်တုန်အောင် ချစ်သည် *

အတွေးကမ္ဘာထဲ ကျွန်တော်မျောပါနေတာ ဟင်းအိုးပွက်ပွက်ဆူမှ အသိဝင်တော့သည် @ ဟူးးးး မလွယ်ပါလား ကျွန်တော့်အဖြစ်ကလည်း @ အားလုံးလက်စသတ်ပြီး hyung ပြန်အလာကို စောင့်နေလိုက်သည် @သတိရလိုက်တာ မြန်မြန်ပြန်လာပါတော့ hyung ရယ် ... @

Honestly...,I love u Where stories live. Discover now