" ဒီနေ့တော့ HyungWon hyung ရောက်မလာပါလား ကြည့်ရတာ အလုပ်သွားပုံပဲ "
" အင်း hyung လည်း တော်တော်ပင်ပန်းနေတဲ့ပုံပဲနော်"
Minhyuk နဲ့ Jooheon တစ်ယောက်တစ်လှည့် စကားပြောရင်း Changkyun ကို အကဲခတ်နေကြသည် Changkyun ကလည်း သူကြားအောင် တမင်ပြောနေမှန်းသိလို့ ဂရုမစိုက်ပဲ မျက်လုံးတို့ မှိတ်နေလိုက်သည် …" ဆေးတောင်ကုန်နေပြီ ငါ အသစ်လာလဲဖို့ သူနာပြုကို သွားပြောလိုက်ဦးမယ် "
Minhyuk ကပြောရင်း အပြင်ထွက်ကာ သူနာပြုကို သွားခေါ်သည် …
ခဏအကြာ သူနာပြုဆရာမက အခန်းထဲဝင်လာရင်း Changkyun ကို ဆေးပုလင်းအသစ်လဲပေးတော့ …" ဆရာမ ကျွန်တော် ဆေးရုံဆင်းချင်ပြီ "
Changkyun က ရုတ်တရက်ထပြောတော့သည်
" ညနေဘက် ဆရာဝန်တစ်ယောက် လာကြည့်တာ စောင့်လိုက်ပါ သူ ဆင်းလို့ရပြီဆို ဆင်းလေ ဟုတ်ပြီလား လူနာက အခြေအနေကောင်းပါပြီ အခုသွင်းထားတဲ့ အားဆေးလေးတော့ ကုန်အောင် သွင်းမယ်နော် … သူနာပြုလေးက ပြုံးပြုံးလေး စကားပြန်ပြောပြီး ထွက်သွားသည် …နာရီကို ကြည့်မိတော့ နေ့လည် 1 နာရီ …
@ ညနေမြန်မြန်ရောက်ပါတော့ @
Changkyun စိတ်ထဲက ရေရွတ်မိလိုက်သည် ဆရာဝန်နဲ့ မြန်မြန်တွေ့ပြီး ဆေးရုံမြန်မြန်ဆင်းချင်နေပြီ အမေ့ကိုလည်း တွေ့ချင်လှပြီ … အစ်ကို့ကိုလည်း အမေနဲ့ အတူ သွားတွေ့သင့်တယ် ထင်တာပဲ နာကြည်းပေမယ့်ပေါ့ …🍂🍃
Law Firm မှာတော့ HyungWon ကို
Shownu / Kihyun နဲ့ Wonho တို့က တွေတွေကြီး စိုက်ကြည့်နေမိသည် …… HyungWon ပြောပြတဲ့ အကြောင်းအရာတွေကို နားထောင်ပြီးတဲ့အခါမှာပေါ့" မင်းက တရားခွင်မှာ ပြတ်သားသလောက် အချစ်နဲ့ ပတ်သက်တော့ မပြတ်သားနိုင်ပါလား …
အင်းပေါ့လေ ရှေ့နေလည်း လူသားပဲကို လူသားတစ်ယောက်က အချစ်နဲ့တွေ့တဲ့အခါ အချစ်ကိုတော့ ဦးစားပေး ရူးသွပ်မိကြတာပဲ "
Wonho က သက်ပြင်းချရင်း ပြောမိသည် …" မင်း ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပါဦး
တစ်ကယ်ဆို ဒီကိစ္စမှာ မင်းက အပြစ်ရှိသူမှမဟုတ်တာကွာ …
မင်း အတွေးတွေ မှားနေပြီ ထင်တာပဲ "
Shownu က ယူကြုံးမရပြောနေပေမယ့် HyungWon က ခေါင်းငိုက်စိုက်ကာ ငြိမ်သက်နေသည်