* Honestly..., I Love You*

162 11 6
                                    

ဆာကူရာတို့သည် ပန်းရောင်အဆင်းရှိသည်
ပန်းရောင်သည် ဆာကူပန်းလေးနှင့် အလိုက်ဖက်ဆုံး ထင်ထားမိသော်လည်း
ကျွန်တော့် အတွေးတို့သည်
Chae Hyung ဆံပင်တို့
ပန်းရောင်ပြောင်းပြီးသည်မှစ၍ ပြောင်းလဲကုန်သည်

ဘယ်လိုတောင် ပန်းရောင်နဲ့ လိုက်ဖက်ရတာလဲ
hyung ရယ် ... ဆာကူရာ အလားပဲ ... 🌸

တည်တည်တံ့တံ့နဲ့ ဆံပင်အနက်တို့ကို သေသပ်စွာ ဖြီးထားတဲ့ ရှေ့နေ Chae ကိုလည်း ကျွန်တော် သဘောကျသလို ပန်းရောင်ဆံပင်နဲ့ ပေါ့ပေါ့ပါးပါး လူငယ်ဆန်တဲ့ Chae hyung ကိုလည်း ကျွန်တော် နှစ်သက်သည် ...

ဟုတ်တယ် hyung က ကျွန်တော့်အတွက်တော့ ဘယ်တော့မှ မရိုးနိုင်တဲ့ ပန်းချီကားတစ်ချပ်လိုပဲ ဖြူစင်တဲ့ အသားအရည်နဲ့ ဘယ်အရာမဆို လိုက်ဖက်နေတဲ့ hyung ကို

ကျွန်တော် ရူးသွပ်မိသည်

ရိုးသားစွာ ဝန်ခံပါ၏ ......
ကျွန်တော် Chae hyung ကို ထာဝရ ချစ်သည်
💛 Honestly ......, I Love You 💛

ကလေးရဲ့ အချစ်တွေ ရရှိသော ကျွန်တော်သည် ကမ္ဘာပေါ်တွင် ကံအကောင်းဆုံးသူဖြစ်သည်
ကလေးရဲ့ ဂရုစိုက်မှုတွေကို
ကျွန်တော် မက်မောသည်
ကလေးရဲ့ ချစ်စဖွယ်အမူအရာတို့ကို
ကျွန်တော် စွဲလန်းသည်
ကလေးရဲ့ စကားပြောသံတို့ကို နှစ်သက်သည်

ကလေးနဲ့မတွေ့ရလျှင် မနေနိုင် တမ်းတမိသည်
ကျွန်တော့်ကို ချစ်တတ်အောင် သင်ပေးခဲ့သော
ထို ကောင်ကလေးအား
ကျွန်တော် သိပ်မြတ်နိုးသည်
ကလေးက Chae Hyung လို့ ခေါ်လိုက်တိုင်း
ကျွန်တော် သိပ်သဘောကျသည်

ကလေးက ကျွန်တော့်ကို စချစ်ခဲ့သလို
ကျွန်တော်ကလည်း ကလေးအပေါ် မရိုးသော ချင်းခြင်းတွေနဲ့ အမြဲ ရူးသွပ်နေဦးမည် ...

ရိုးသားစွာ ဝန်ခံပါ၏ ...
ကျွန်တော် ကလေးကို ထာဝရချစ်သည် ...
💚 Honestly..., I Love You 💚

, I Love You  💚

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


👬 HyungKyun ဆိုသည်မှာ
နူးညံ့သည် ချစ်ဖို့လည်းကောင်းသည်
ရင်ခုန်ဖို့လည်းကောင်းသည်

ဖြည်းဖြည်းလေးနဲ့ မှန်မှန်လေး
ချစ်ပြီးရင်ချစ်နေသော သူတို့အချစ်သည်
လူကိုပြုံးနိုင်စေသည်

ဘယ်သူ့မှ မမြင်နိုင်ဘဲ
သူတို့နှစ်ယောက်သာ သိသော
မျက်ဝန်းတို့သည် သိပ်လှပသည်

ဒီလူကြီးနဲ့ ဒီကလေး ကြားထဲက
သံယောဇဉ်ကြိုးလေးကို အမြဲရှင်သန်နေစေချင်သည်

သူတို့ကို ချစ်မိ ရူးမိ နှစ်သက်မိ တန်ဖိုးထားမိသော
လူတစ်ယောက်၏ ဆန္ဒသည်သာ ... 🍁

By
Hazel 💙

All photo credit to owners
Thanks for precious photos 😍

Honestly...,I love u Where stories live. Discover now