ဒီလိုနဲ့ အိမ်အပြန်လမ်း ဈေးဝင်ဝယ်ပြီး
ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ ပြန်လာခဲ့ကြတယ်
" ဒါနဲ့ hyung ဒီနေ့အလုပ်နည်းတာလား စောသလားလို့ ကျွန်တော့်ကိုတောင်လာကြိုတယ်ဆိုတော့ "
@ တွေ့ချင်လွန်းလို့ ကြိုချင်လွန်းလို့ အလုပ်တွေ ဒုန်း စိုင်း လုပ်ခဲ့ရတာ မင်းသိရင်ကောင်းမှာပဲ ခေးရယ် @
" အင်း ဟုတ်တယ် ဒီနေ့စောပြီးလို့ ^_^ "အိမ်ပြန်ရောက်ကြတော့ နှစ်ယောက်သား အင်္ကျံလဲ မီးဖိုချောင်ထဲပြိုင်တူဝင်တော့ ...
" hyung ချက်လိုက်မယ် ခေး သွားနားလေ "
" ဟာ ရပါတယ် hyung နားချင်နား ကျွန်တော်ချက်လိုက်မယ် "
" ကဲ သွားပါ hyung ချက်မယ် " " ဟင့်အင်း ကျွန်တော်ချက်မယ် "
hyung ချက် ကျွန်တော်ချက် " ဂွမ်း ဂလန် ဂလန် ဂလန် "လက်ထဲနှစ်ယောက်လုနေတဲ့ ဒန်အိုးတစ်လုံးကတော့
ကြမ်းပြင်ပေါ်ကနေ ဘုကြည့်ကြည့်နေလေသည်
နှစ်ယောက်သား အသံထွက်ရယ်ရင်း နှစ်ယောက်လုံး အလျှော့ပေးကာ ဒီနေ့ညစာကို ခွဲဝေတာဝန်ယူလိုက်ကြသည် တူတူချက်စားတဲ့ ညစာတစ်နပ်က သိပ်ကိုချိုမြိန်လို့နေပြန်ရော ..." ခေးက ဟင်းပန်းကန်တွေသိမ်းလိုက်
ဆေးစရာရှိတာတွေ hyung ဆေးလိုက်မယ် "
ဒီတစ်ခါတော့ hyung က လုနေရမှာစိုးလို့ထင်တယ် တာဝန်ခွဲယူတော့ အမိန့်တော်အတိုင်း ဟုတ်ကဲ့ပေါ့ဗျာ ဟင်းတွေသိမ်းပြီးတော့ hyung အနားသွားပြီး ဆေးပြီးသားပန်ကန်းတွေ အိုးတွေကို နေရာတကျပြန်ထားရင်း ...❤ ဒုတ် ...... ဒုတ် ......❤ နှလုံးခုန်သံနှစ်သံကြားမှာ
ပန်းကန်တစ်ချပ်ပေါ် ထပ်ကိုင်မိနေသော လက်တစ်စုံ
အောင်သွယ်တော် ကိုပန်းကန်က သူချော်ထွက်ပြီး ကွဲကျခါနီးအနေအထားမှာတောင် ဂုဏ်ယူနေလေသည်
အခန်းရဲ့ အပူချိန်က မြင့်တက်လာသလိုလို
အသက်ရှုသံတွေမြန်လာကြသည် ..." ဆောရီး ... hyung က ကွဲကျမှာစိုးလို့ ထိန်းလိုက်တာ "
ပြောလည်းပြော လက်လည်းပြန်ရုတ်သွားတဲ့
hyung ကိုကြောင်တောင်တောင်ကြည့်ရင်း ...
" ဟုတ် ကျေးဇူး ဟီး တော်သေးတယ် မကွဲလို့
ကျွန် ကျွန်တော် အိပ်တော့မယ်နော် ... "
" ဟင် အော် အင်း အိပ်တော့လေ "