ကျွန်တော့်ရင်တွေ ပူလောင်လှပြီ ကလေးကိုယ်က ပူခြစ်နေတာပဲ စိတ်တွေပူလွန်းလို့ ခြေမကိုင်မိ လက်မကိုင်မိ
တောင်းပန်ပါတယ် ကလေးရယ် ...
hyung မင်းကိုထားသွားချင်စိတ် တစ်စက်လေးတောင်မရှိပါဘူး
hyung ကိုခွင့်လွှတ်ပါကွာ hyung မှားသွားပါတယ်
ပါးစပ်ကမထွက်နိုင်ဘဲ ရင်ဝမှာတစ်ဆို့နေသော စကားလုံးတို့နှင့် HyungWon အရမ်းနာကျင်လျက် ...
စီးကျလာတဲ့ မျက်ရည်စက်တို့ကို လက်ဖဝါးဖြင့်ဖိသုတ်ရင်း သတိမေ့နေတဲ့ ကလေးပါးနွေးနွေးလေးတွေကို ထိကိုင်ရင်း
" ချစ်တယ် ကလေး hyung ကလေးကို ချစ်တယ် "Changkyun မကြားနိုင်ပေမယ့် တောင်းပန်ခြင်းနဲ့ ချစ်ခြင်း တို့ကို HyungWon ဆက်တိုက်ရေရွတ်နေမိတယ်
ကလေး လက်ဖဝါးလေးတွေကို ဆုပ်ကိုင်ရင်း ပါးမှာအပ်ကာ
" သတိရပါတော့ မြန်မြန်နေကောင်းပါတော့
ပြီးတော့ hyung ကို ကြိုက်သလို အပြစ်တင်ပြီး ဝေဖန်ပါတော့
ဒီ သတ္တိမရှိတဲ့ hyung ကိုလေ မုန်းတယ်ပဲပြောပြော ထွက်သွားပဲပြောပြော ကလေးသဘောအတိုင်း အဆင်သင့်ပါ "
HyungWon အရူးတစ်ယောက်လို ခံစားနေရပေမယ့်
Changkyun ကတော့ငြိမ်သက်ဆဲ" ဒေါက်တာ လူနာ အခြေအနေ ဘယ်လိုရှိလဲ "
" အိပ်ရေးပျက်တာရယ် စိတ်ပင်ပန်းတာရယ် ကြောင့် လူကမခံနိုင်ဖြစ်သွားတာပါ စိတ်ဖိစီးမှုအများကြီး ရှိခဲ့သလိုပဲ သာမန်နေမကောင်းတာမဟုတ်ဘဲ နှစ်ရက်ဆက်တိုက်
အဖျားတွေတက်ပြီး သတိပါမေ့နေတော့လေ "
HyungWon ဘာစကားမှမဆိုနိုင် အားလုံးက သူ့အမှားပဲလေ ...
" ဆေးလည်းသွင်းထားတယ် အဖျားကျဆေးတွေလည်း ထိုးပေးထားတော့ သက်သာသွားမှာပါ အရမ်းလည်းမစိုးရိမ်ပါနဲ့ "
" ကျေးဇူးပါ ဒေါက်တာ "ဆေးတွေသွင်းထားတဲ့ ပိုက်တန်းလန်းနဲ့ အပ်တွေကို ကြည့်ရင်း
HyungWon သက်ပြင်းချမိပြန်တယ် သူသာ ဒီလိုပူလောင်နေရမယ်ဆိုရင် ခေးလည်းဒီလိုမေ့မြောနေရမယ်ဆိုတာတွေကိုသိရင်
သူ အဝေးကိုထွက်မသွားသင့်ခဲ့ဘူး ...
အခုတော့ ဆေးရုံခန်းလေးက အထီးကျန်စွာဆရာဝန်မှာထားတဲ့အတိုင်း ရေခဲရေနဲ့ ရေပတ်တိုက်
နဖူးပေါ် ရေခဲဝတ်တင်ပြီး သတိရလာမယ့်အချိန်ကို စောင့်ဆိုင်းလျက် ... မှိတ်ချင်နေတဲ့ မျက်လုံးတို့ကို တွန်းလှန်ရင်း ဆာနေတဲ့ဗိုက်ကို အံတုရင်း ကလေးသတိလည်လာဖို့သာ အသည်းအသန်ဆုတောင်းမိတယ်
" လွမ်းလိုက်တာ ကလေးရယ် ...... "