Minhyuk နဲ့ Jooheon တို့ အခန်းထဲဝင်လာတော့ Changkyun ကျဆင်းနေတဲ့ မျက်ရည်တွေကို လက်နဲ့ အမြန်ဖယ်ရှားလိုက်သည် ……
" ဟေ့ကောင် အိပ်ချင်ယောင် ဆောင်နေမှန်းသိတယ် ထစမ်း
ငါတို့ကို အကြောင်းစုံရှင်းပြ ဘာတွေဖြစ်ထားတာလဲ "
Changkyun မလှုပ်မယှက် မျက်လုံးများပိတ်ကာ ငြိမ်နေဆဲ
Minhyuk နဲ့ Jooheon တို့ကို ကျောပေးကာ တစ်ဖက်သို့လှည့်ပြီး ဝမ်းနည်းစိတ်ကို ထိန်းထားပေမယ့် သိချင်နေသူ နှစ်ယောက်ကတော့ စိတ်မရှည်တော့၍ Changkyun ကို ဆွဲလှည့်လိုက်လေသည်Changkyun သက်ပြင်းတစ်ချက်ချကာ …
" ငါ ပဲမှားလေသလား hyung ပဲမှားတာလား ဒါမှမဟုတ် အချစ်ကပဲမှားသလား သူ ရှေ့နေဖြစ်နေတဲ့ ဖြစ်တည်မှုက မှားသလား တရားခံဖြစ်ခဲ့တဲ့ ငါ့အကိုပဲမှားသလား …… ငါမသိတော့ဘူး "
Jooheon ကတော့ နဖူးကြောရှုံ့အောင်ကို မျက်လူံးများကို ထပ်မှေးလိုက်ပြီး
Minhyuk ကတော့ မျက်လုံးများပြူးကျယ်ကုန်သည် နှစ်ယောက်လုံး သံပြိုင်ထွက်လာတာတော့ …
" ဘာတွေလဲ ဘာ တရားခံ ? အချစ် ကရော ? "Changkyun ကမရယ်ချင်ပေမယ့် မငိုမိအောင် ပြုံးရင်း …
" ငါ့အကို သူ့သူငယ်ချင်းတစ်ယောက်နဲ့ ရန်ဖြစ်ရင်း လက်လွန်သွားတယ်
သူ လူသတ်မိလိုက်တယ် လွန်ခဲ့တဲ့နှစ်ပတ်လောက်က "
Changkyun အကို သွေးဆိုးတာကို သိထားခဲ့ပေမယ့် ဒီလောက်ဖြစ်သွားမယ် မထင်ထားသော Minhyuk Jooheon တို့မှာ မင်သက်နေဆဲ ……" ဘာလို့ ငါတို့ကို ဒီအကြောင်းတွေ မပြောတာလဲ Changkyun ရာ မင်းတစ်ယောက်ထဲ စိတ်ရှုပ်ခံနေတာလား "
Jooheon က အားမရစွာပြောတော့ Minhyuk က မရဲတရဲ ဝင်မေးတော့သည်
" မင်း အကို အမှုကို ကိုင်တဲ့ ရှေ့နေ့က HyungWon hyung လား "
" မဟုတ်ဘူး ငါအသေအချာကို အကူအညီတောင်းခဲ့ပေမယ့် သူ ဒီအမှုကို ရှောင်ခဲ့တယ် ရုံးတင် စစ်ဆေးရင်လည်း ငါ့အကို ပြစ်မှုကျူးလွန်ကြောင်း
အသေအချာကို ထင်ရှားနေမှာ ပြီးတော့ ငါ့အကို ငါ့အကို …… "Changkyun ရှိုက်ကြီးတငင်ငိုတော့လေသည် သူငယ်ချင်းနှစ်ယောက်က ဖက်ပြီးအားပေးနှစ်သိမ့်ရင်း စိတ်မကောင်းဖြစ်ရုံမှလွဲ၍ …
အခြေအနေကို သူတို့နားလည်လေပြီ Changkyun ဆက်မပြောတောင် သူတို့ သိလေပြီ …