*Honestly...,I Love You* Part-9

148 14 14
                                    

" ပြီးတော့ သူ ဘာပြောသေးလဲ "
" ဟို သူ့အစား hyung ကို အလုပ်မထွက်အောင် ပြောပေးပါတဲ့ "
Minhyuk က Jooheon ခေါင်းကို ထုလိုက်ပြီး
" kyunnie ပြောသမျှ တစ်လုံးမကျန်
ပြောတော့မလို့လား honey စုတ်ရဲ့ "
Jooheon က သူ့ပါးစပ်လေးကို လက်နဲ့အုပ်လိုက်ပြီး အဒေါ်ကြီးလာချပေးတဲ့ ပဲခေါက်ဆွဲကို ငုံ့စားလိုက်သည် ...

ပဲခေါက်ဆွဲကို တူတစ်ချောင်းနဲ့ မွှေနေရင်းပင်
HyungWon ပြုံးလိုက်သည် ...
" အလုပ်ထွက်တာက hyung ကိုယ်တိုင် ရွေးချယ်လိုက်တဲ့အရာပါ hyung လည်း ကိုယ့်ဘာသာ စဉ်းစားချိန်ပေးဦးမယ် "
" ဟို hyung ... "
Minhyuk ပြောမယ့်စကားကို
HyungWon က လက်ကာပြရင်း ...
" မြန်မြန်စားကြ ခေါက်ဆွဲတွေ ပွကုန်မယ် "
Minhyuk ရော Jooheon ပါ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ခေါင်းခါလိုက်ကြသည် ...

" မနက်စာအတွက် ကျေးဇူးပါ hyung "
Jooheon ကမျက်လုံးလေးတွေ ပိတ်တဲ့အထိ ပြုံးပြီးပြောလိုက်တော့ Minhyuk က Jooheon ပါးလေးတွေကို ဆွဲလိုက်သည် ... HyungWon ကတော့ သူတို့နှစ်ယောက်ကို ကြည့်ရင်း သဘောကျမိနေသည် ...

" Hyung ... "
ဆိုင်ထဲကထွက် ကိုယ့်လမ်းကိုသွားမယ် လုပ်ကြပြီးမှ Minhyuk ကလှမ်းခေါ်ပြန်တော့ HyungWon က လှည့်ကြည့်ရင်း ...
" ဘာလဲ ဈေးကို လိုက်ဦးမလို့လား "
" မဟုတ်ဘူး မလိုက်တော့ဘူး ... ဟိုလေ ကျွန်တော်တို့ရှေ့မှာလည်း kyunnie ကို hyung ခေါ်နေကြအတိုင်း ခေါ်လို့ရပါတယ်လို့ "
" ကလေးတဲ့ အဟိ "
Jooheon က Minhyuk လက်မောင်းကို ရိုက်ရင်းပြောတော့ နှစ်ယောက်သား ခုန်ဆွ ခုန်ဆွ လုပ်နေကြသည် ပြောင်စပ်စပ်မျက်နှာတွေနဲ့ပေါ့
( ကိုက်စားချင်တယ် အဲ့နှစ်ယောက်တော့
သူများကို စရမယ်ဆို လာထားပဲ )

HyungWon မျက်နှာတို့ ရဲတက်လာကာ ...
" အဟမ်း ဒါဆိုလည်း မင်းတို့ kyunnie ကိုပြောလိုက် နောက်တစ်ခါ ပြောစရာရှိရင် hyung ကို ဖုန်းဆက်တာဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်တိုင်ဖြစ်ဖြစ် ပြောလို့ အလုပ်ထွက်တာကိုလည်း တားချင်ရင် ကိုယ်တိုင်လာတားလို့ "
" အမယ်လေး ကြားထဲက ငါတို့ ဘုံပျောက်မယ့်ကိန်း လာ honey သွားမယ် "
Minhyuk က ခြေထောက်စောင့်ပြီး Jooheon ကိုဆွဲခေါ်သွားသည် Jooheon ကလည်း မဲ့ပြသွားသည် ......

@ ဒီကလေးတွေ မလွယ်ကြော @
HyungWon က ခေါင်းခါရင်း ကလေးကို လွမ်းတဲ့စိတ်တို့ကို တားဆီးမိလိုက်သည်
@ ပြန်တွေ့ရမယ်ဆိုတာ သေချာနေတာပဲ
ဘာလို့ လွမ်းရမှာလဲ လွမ်းနေလည်း သူ ပြန်လာချင်မှ ပြန်လာမှာမလို့ တွေ့တဲ့အခါ ပြောမယ့်စကားကိုသာ ရင်ဝယ်ပိုက်ရင်း အသက်ကို ဝအောင် ရှုလိုက်မိသည်@

Honestly...,I love u Kde žijí příběhy. Začni objevovat