At 2am ,
HunHan နှစ်ကောင် ဆိုဖာပေါ်တွင် အိပ်ငိုက်နေသည် . Yixing ကတော့ တံခါးနားတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း
''Hunie!!"
Yixing ခေါ်လိုက်တော့မှ Sehun လန့်ကာ အိပ်ငိုက်နေရာမှ
''wae waeyo??"
"ဟိုတစ်ယောက် အခုထိပြန်မလာသေးဘူး ဘယ်လိုလုပ်မလဲ သူသွားတတ်တဲ့ နေရာတွေ ဒါမှမဟုတ် သူငယ်ချင်းတွေများ မရှိဘူးလား ''
''သူငယ်ချင်းဆိုလို့ ကျွန်တော် တို့နဲ့ jiyeon . ပဲရှိတာ . အရင်ကဆို အပြင်မှာ ကြာကြာ မနေဖူးပါဘူး အေးရင် ပိုဆိုး အပြင်ကို မထွက်ဖူးတာ အခုတော့ ''
''ဒါဆို လိုက်ရှာရအောင်လေ တစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ ''
''ပြန်တွေ့ရင် hyung ထပ်မောင်းထုတ်မှာမဟုတ်လား''
''အရင် ရှာမယ် ပြီးမှ ကျန်တာဆုံးဖြတ်မယ် ''
yixing အရင်ရှာရန် ဆုံးဖြတ်ပြီး အဆောင် အပြင်သို့ ထွက်လိုက်သည် . luhan ကတော့ ဓာတ်မီးလေး ယူကာ sehun နဲ့ အတူ jongdae ပျောက် ရှာပုံတော်ဖွင့်ကြတော့သည် .
_________________
Jongdae အိပ်ပျော်နေရာမှ နိုးလာသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေသည် . ခုနက တံခါးလေး မဟတဟ ဖွင့်ထားသော်လည်း အခု ဘာကြောင့်မှန်းမသိ မှောင်လွန်နေသည် . လေလုံနေသောကြောင့် အသက်ရှုမဝ ဖြစ်လာသည် . ဟိုစမ်းဒီစမ်းဖြင့် တံခါးလေးဟုထင်ရသော နေရာနားအရောက်
တံခါးပိတ်ထားသည်ကို သတိထားလိုက်မိသည် . ဖုန်းကလည်း အဆောင်တွင် ကျန်နေခဲ့သည် .ရုတ်တရက် သူ့ခေါင်းထဲတွင်ပေါ်လာသော အရိပ်တစ်ခု
**Flash back**
ဂိုဒေါင်ပျက်ကြီးတစ်ခု မှောင်မဲခြင်းအတိ ဖုံးလွှမ်းနေသည် . အရောင်ဖျဖျ မီးသီးလေးက မှိတ်တုတ်မှိတ်တုတ် . ကလေးလေး တစ်ယောက် ဂိုဒေါင်တံခါးကို ဖွင့်နေသော်လည်း ပွင့်မလာ. အော်ငိုနေသော ကလေးလေး
''omma!!! :'( omma :'( "
လူလတ်ပိုင်း မိန်းမကြီးတစ်ဦး jongdae ဘေးတွင် လဲကျနေသည် . ရာသီဥတုကလည်း နှင်းများ ထူထပ်စွာ ကျနေသောကြောင့် အရိုးခိုက်ပြီး အသည်းထဲထိစိမ့်နေအောင် အေးလွန်းနေသည် .
