''Jon...Jongdaeahh!!! မင်း ဘာမှမဖြစ်ရဘူး Jongdae KimJongdae!! ''
Yixing ရဲ့ စိတ်ပူတကြီး အော်သံနဲ့အတူ Seoul ဆေးရုံသို့ ရောက်လာသည် . နီရဲနေသော သွေးများက နေရာအနှံ့ . Yixing ကိုယ်ပေါ်တွေမှာတောင် စွန်းထင်းနေသည် . Operation ခန်းရောက်တော့ Yixing နဲ့အတူ Sehun နဲ့ Luhan ပါ အပြင်မှာ နေခဲ့ရသည် . Yixing တစ်ယောက် လျော့နည်းစွာ ထိုင်ချလျက်
''သူ... တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ သူ.. ငါမှားတာ ငါယုံခဲ့သင့်တာ ဘာပဲ ဖြစ်ဖြစ် ငါယုံပေးသင့်တာ ''
''arrnyi hyung !! သူ ကျွန်တော်တို့ကို ဖုန်းဆက်သေးတယ် နောက်နေတာ ထင်လို့ မလာမိတာ ကျွန်တော်တို့ကြောင့်ပါ ''
Sehun ကလည်း ကိုယ့်ကိုကိုယ် အပြစ်တင်နေမိသည် . ထိုအချိန် လူတစ်စု ရောက်လာသည် . သန့်သန့်ပြန့်ပြန့် ဝတ်စားကာ ရှေ့ဆုံးမှ ပြေးလာသော လူက
''Luhan !! ငါ့သားလေး ဘာဖြစ်တာလဲ ပြောပါဦး''
''Arjushi !! Jongdaeလေ ~~ ''
Luhan လည်း အချစ်ရဆုံး ငယ်သူငယ်ချင်းကို ဆုံးရှုံးရတော့မယ့် အခြေအနေဆိုတော့ ပြောပြရင်း ငိုနေမိသည် .
''အခုချက်ချင်း စုံစမ်းပါ တရားခံကို တွေ့အောင်ရှာပါ ငါ့သား တစ်ခုခု ဖြစ်လို့ကတော့ အကုန် အသက်ရှင်ဖို့ မစဉ်းစားနဲ့ သွား!!"
ဘေးမှလူများအား အမိန့်ပေးနေသော KimJongDae ရဲ့ ဖခင် နိုင်ငံတော် သံအမတ်ကြီး ဆိုသော အာဏာရှင် . ဒီလိုလူမျိုးရဲ့သား . Yixing အတွေးတွေထဲ ဝင်ရောက်လာသော အရာများ အခုလောလောဆယ်တော့ အရေးကြီးတာ JongDae ရဲ့ အသက်...
ထိုအချိန် ခွဲစိတ်ခန်း တံခါးပွင့်လာပြီး nurse တစ်ယောက်ထွက်လာသည် .
''KimJongDae က သွေးထွက် အရမ်းလွန်ထားတော့ သွေးအရမ်းလိုနေပါတယ် ''
''ကျွန်တော် ပေးပါ့မယ် သူက ဘာသွေးလဲဟင်''
Yixing စိတ်ပူတကြီး မေးလိုက်တော့ . nurse က
''B+ ပါ''
''ဒါဆို မရဘူးပဲ ဘယ်သူ B သွေးလဲဟင် ''
အရူးတစ်ပိုင်း လိုက်မေးနေတဲ့ Yixing အားကြည့်ကာ စိတ်မကောင်းဖြစ်မိပေမယ့် တစ်ယောက်မှ B+ မပြောနဲ့ B သွေးတောင်မဟုတ်ကြ .