''Nu.gu.sae.yo??"
ဘေးနားတွင်ရှိသော သုံးယောက်လုံး မှင်သက်သွားသည် . Luhan က
''Jongdaeahh!! မနောက်ပါနဲ့ကွာ Yixing Hyung က မင်းကို တော်တော်လေး စိတ်ပူနေခဲ့တာ ''
Jongdae ထရန်ပြင်လိုက်တော့
''အ့ !! ငါဘာလို့ တစ်ကိုယ်လုံး နာနေတာလဲ ? ငါ့ခေါင်း~~ ခေါင်းက ကိုက်လိုက်တာ!! ပြီးတော့ ငါဘာလို့ဆေးရုံရောက်နေတာလဲဟင် ''
Jongdae မေးလာတော့ Yixing က
''မနောက်ပါနဲ့ တော့ Jongdae ရယ် hyung နောက်ဆို မင်းပြောတာ အကုန် ယုံပေးမှာပါ RuRu နဲ့ မင်းကိစ္စ ကလဲ အခုရှင်းသွားပါပြီ ''
''စိတ်တော့ မရှိပါနဲ့ ခင်ဗျား ဘာတွေ ပြောနေတာလဲ ကျွန်တော် တစ်ခုမှနားမလည်ဘူး ''
''Jongdae အဲ့ဒါ ငါ့ hyungလေ ZangYixingလေ မင်းတကယ် မသိတာလား ''
''inn:: ငါ မသိဘူး Hun ဒါနဲ့ Jiyeon ရော ??"
Jongdae အမေးစကားကြောင့် တော်တော်လေး အံ့သြနေကြသည် .
''မင်း တကယ်ပဲ အဲ့ညက ကိစ္စတွေ မမှတ်မိဘူးလား ''
''အဲ့ည?? ဘာကို ပြောတာလဲ ငါဘာဖြစ်လို့လဲ ? အ့ !! ခေါင်းကိုက်လိုက်တာ ''
''မင်း အရင်နားလိုက်ပါ Jongdae ''
တကယ်ကို အခုမှစတွေ့ဖူးတဲ့လူလိုမျိုး Yixing ကို ဆက်ဆံတော့ Yixing ရင်ထဲ ထိုးနှက်နေသလိုပင် . ဘယ်သူမှလဲ အဖြေမပေးနိုင်တော့သလို အံ့သြခြင်းများစွာနဲ့ ~~
ဆရာဝန်များရောက်လာတော့ စစ်ဆေးပြီး အိပ်ဆေးထိုးကာ အနားယူစေပြီးနောက် Jongdae အိမ်ပျော်သွားသည် . JD'appa လည်း ရောက်လာတော့ ဆရာဝန်က
''ဒီကလေး က ခေါင်းကို အနည်းငယ်ထိသွားတာ ဆိုတော့ မှတ်မိနိုင်စွမ်းက သိသိသာသာ ကျဆင်းနေမှာပါပဲ ''
''ဒါပေမယ့် Dr. ကွန်တော်နဲ့ sehun ကိုလည်း မှတ်မိတယ် Arjushi ကိုလည်း မှတ်မိပါရဲ့သားနဲ့ ဘာလို့ Yixing hyung တစ်ယောက်တည်းကိုပဲ မေ့သွားတာလဲ ''
''ဒါက ဒီလိုရှိတယ် အပေါ်ယံရောဂါနဲ့လည်း ဆိုင်ပေမယ့် စိတ်နဲ့လည်း ဆိုင်တယ်သား stress တော်တော်များခဲ့ပုံပေါ်တယ် မှတ်ဥာဏ် brain မှာ တစ်ဘက်နဲ့ တစ်ဖက်တောင် မတူညီဘူး အခုဟာက သူနဂိုကတည်းက မေ့ချင်နေတဲ့ကိစ္စရပ်ကြောင့် Yixing မှမဟုတ်ဘူး Yixing နဲ့ ပတ်သတ်ခဲ့တဲ့အရာတွေ အားလုံးကိုပါမေ့သွားတာပါ အသေးစိတ်ကိုတော့ ထပ်စစ်ဆေးရမှာပါ''
![](https://img.wattpad.com/cover/57779619-288-k846955.jpg)