''ဒုန်း ဒုန်း ဒုန်း ''
''Jongdaeahh!! ငါရှင်းပြပါရစေ တံခါးဖွင့်ပါဦး ''
Luhan တစ်ယောက် တံခါးကို တဒုန်းဒုန်း ထုရင်းပြောနေပေမယ့် ဘာသံမှ မကြားရ...
''Jongdaeahh!!! KimJongdae ''
တော်တော်လေးကြာတော့မှ
''ငါ တစ်ယောက်တည်းနေချင်တယ် ငါ့ကို ဘယ်သူမှ မယုံဘူးမှတ်လား အေး ငါလည်း ဘယ်သူ့ကိုမှ မယုံဘူး ထွက်သွားးးး ထွက်သွားကြ!!!!"
အသံခပ်ကျယ်ကျယ်ဖြင့် အော်လိုက်တော့ Luhan လန့်သွားသည် . တစ်ခါမှ မအော်ဖူးသူလေ . ရီမောနေတတ်တဲ့သူ မဟုတ်လား ??
"အေးပါ ငါမှားသွားတယ် အစကတည်းက ပြောပြသင့်တာပါ Jongdae ခဏလောက်ဖြစ်ဖြစ်~~ ''
''မင်းလည်း အတူတူပဲ ထွက်သွားဆို ထွက်သွားပေးပါကွာ ''
luhan စိတ်မကောင်းဖြစ်မိသည် . ဘာလို့များ ဒီလိုအရာတွေ ပေါ်လာခဲ့တာလဲ . ဘာကစမှားတာလဲ ??
လှည့်ထွက်လိုက်တော့ စိတ်မကောင်းတဲ့ အရိပ်အယောင်တွေနဲ့ JD ရဲ့ appa
''မင်း သူငယ်ချင်း အဖြစ်ကိုလည်း ကြည့်ပါဦးကွာ ''
''arjushi ရယ် ကျွန်တော်လည်း ကြိုးစားကြည့်ပေးပါ့မယ် သူပြန်ကောင်းလာအောင် ''
''မင်းကိုလည်း အားလည်းနာတယ် မင်းအတွက်လည်း စိတ်မကောင်းပါဘူး သားရယ် ဒါနဲ့ သားappa တို့ ပြန်ခေါ်နေပြီဆို မနက်က arjushi ဆီဖုန်းဝင်လာတယ် ''
''nae!! ''
မျက်နှာငယ်လေး ဖြစ်သွားသော luhan အား တော်တော်လေး သနားမိပေမယ့် သူကိုယ်တိုင်လည်း မတတ်နိုင်ဘူးလေ . Luhan ကတော့
ထားခဲ့ရမဲ့ hunnie အတွက် ရင်ထဲ စို့နင့်နေခဲ့သည် . နောက်ဆုံးတော့ ခွဲခွာခြင်းပဲလား ?? Yixing hyung ပြောကတည်းကသာ လမ်းခွဲခဲ့ရင် အခုထက်ပို သက်သာမှာလား ??
ဆံပင်လေးတွေ ထိုးဆွလိုက်ရင်း သူ့ကိုယ်သူသာ အပြစ်တင်နေမိသည် . လောကမှာ အချစ်ဆိုတာ မိန်းမနဲ့ ယောက်ျားပဲ ချစ်ခွင့်ရှိတာလား ?? တင့်တယ်တာလား ??
"ငါလည်း ရူးတော့မယ် hunnie ရယ် ''
..........................................
