ဘေးကုတင်မှ ညဉ်းသံသဲ့သဲ့ကြောင့် Jongdae နိုးလာသည် . Jongdae သွားကြည့်လိုက်တော့ စောင်လေးအား တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ကုတင်ပေါ်၌ကွေးကွေးလေး .
''YixingShi!!!! YixingShi!!! သတိထားပါဦး ကိုယ်တွေလည်း ပူကျစ်နေတာပဲ ''
Jongdae စိတ်ပူလာသည် . ရေအေးနဲ့ အဝတ်သွားယူရန် ထလိုက်ချိန် . ရုတ်တရက် လှမ်းဆွဲသော လက်တစ်စုံကြောင့် သူ့ခန္ဓာကိုယ်လေးပါ ပူကနဲ့ဖြစ်သွားသည် . ပြီးနောက် တင်းကျပ်စွာ ဖက်ထားသော Yixing အား
''YixingShi ချမ်းနေလို့လား ကျွန်တောာ် စောင်သွားယူပေးမယ်လေ ''
Jongdae ပြောနေပေမယ့် Yixing လွှတ်မပေး. ဒီလူ ဘာဖြစ်နေတာလဲ . ငါ့ကြောင့်များလား . ညနေက မိုးမိသွားတော့ .
''YixingShi နည်းနည်းလောက် လွှတ်ပါဦး ---"
Jongdae ရုန်းနေပေမယ့် မရသောကြောင့် ခဏကြာတော့ ငြိမ်နေလိုက်တော့သည် . နွေးထွေးလွန်းတဲ့ အထိအတွေ့က ဘယ်လို ခံစားချက်မှန်း Jongdae ကိုယ်တိုင်တောင် မသိတော့ .
******------*****
အလင်းရောင်ခြည် လှုပ်နှိုးတော့မှ Yixing မျက်လုံးလေးပွင့်လာသည် . နိုးလာလာခြင်း မြင်လိုက်ရတာကတော့ သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေသော Jongdae . ဒီကလေးက ဘယ်လိုလုပ် ရောက်နေတာလဲ . ဒီလို နီးကပ်နေလို့ မဖြစ်တာကို . အာ!! ခေါင်းတွေကလည်း ကိုက်လိုက်တာ ငါဖျားနေတာလား ?? Ashi! အဖျားတွေကူးနေဦးမယ် .
Yixing ထဖို့ပြင်လိုက်ပေမယ့် ရုတ်တရက် ပျင်းကြောဆန့်ရင်း နိုးလာသော Jongdae . ဘေးကို လှိမ့်လိုက်တော့
''ဒုန်း''
''အ့ omma!! ''
Yixing လှမ်းဆွဲတာတောင် မမှီလိုက် . ကုတင်ပေါ်မှ ပြုတ်ကျသွားသည် . Yixing အသည်းယားလွန်းလို့ ရီလိုက်ချင်ပေမယ့် ညက ဘာဖြစ်ထားမှန်းမသိတော့ အိပ်ချင်ယောင်ဆောင်လိုက်သည် .
''အာာာ မနက်စောစောစီးစီး နာလိုက်တာ ငါ့ခါးတော့ ''
Jongdae ညည်းညူရင်းကုန်းထလိုက်သည် . ပြီးနောက် Yixing နဖူးလေးအား စမ်းကြည့်လိုက်တော့
''အင်း !! တော်သေးတယ် အဖျားကျသွားလို့ ကျောင်းပိတ်ရက်မို့အနားယူလို့ရမယ် ထင်တယ် ဒါနဲ့ ဆေးအရင် သွားဝယ်ပေးရမှာလား arrnyi ဆန်ပြုတ်အရင်ပြုတ်ပေး ရမှာပေါ့ ''
![](https://img.wattpad.com/cover/57779619-288-k846955.jpg)