မနက်စောစောတွင် ကျောင်းဝတ်စုံဖြင့် ကျောင်းသွားရန်ပြင်နေသော Jongdae အား Yixingက
''Jongdaeahh!!! မနေ့က ကိစ္စအတွက်တောင်းပန်ပါတယ် hyung တမင်ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး ''
''inn::::"
Yixing သတိထားမိသည်မှာ Jongdae ပုံစံက အရင်ကနဲ့မတူ အရမ်းကို တည်ငြိမ်လွန်းနေသည်.
''ပြီးတော့ မင်း ဘာလို့ မပြောခဲ့တာလဲ ငါလုပ်တာလို့ ''
''ခင်ဗျားလုပ်တယ် လို့ ပြောလိုက်ရင် ခင်ဗျားကျောင်းထွက်ရ မလားတောင် မသိဘူး ကျွန်တော့ကြောင့်နဲ့ တခြားသူ ဒုက္ခရောက်အောင် ကျွန်တော် ဘယ်တော့မှမလုပ်ဘူး ''
Jongdae တကယ့်ကို တခြားသူ တစ်ယောက်လို တည်ငြိမ်လွန်းနေသည် . ''တခြားသူ??" အေးလေ တခြားသူပေါ့ ဘာတွေဖြစ်ချင်နေတာလဲ ZangYixing ...
''ဒါပေမယ့် ''
''ကျွန်တော် ကျောင်းသွားတော့မယ် ''
''ဟင်!! အစောကြီးရှိသေးတာကို ''
Jongdae ဘာမှလှည့်မပြောဘဲ ထွက်သွားသည် . သူဘာဖြစ်နေတာလဲ Luhan ပြောသလိုဆို သူတကယ်ပဲ ဘာဖြစ်လာတာလဲ ... luhan ဆိုမှ သတိရတယ် ..
Yixing လဲ အတွေးပေါင်းများစွာနဲ့ကျောင်း ဘက်သို့ထွက်လာခဲ့သည် . ကျောင်းနား မရောက်ခင် Cafe ဆိုင်လေးတစ်ခုတွင်
''Hyung နောက်ကျသွားတယ် sorry ''
''ဟုတ် ရပါတယ် hyung ပြောစရာ ရှိတယ်ဆိုတာက ??"
luhan တစ်ယောက် တုန်ယင်သော အသံဖြင့်မေးလိုက်သည် .
''ပြောစရာ ဆိုတာထက် တောင်းဆိုစရာ ရှိတာပါ luhanshi . အားတော့နာပေမယ့် Luhan ဘက်က အရင် နောက်ဆုတ်ပေးလို့ မရဘူးလားဟင် ''
''နောက်..နောက်ဆုတ်ပေးရမယ် ??''
''အင်း hunnie က ခေါင်းမာတယ်လေ hyungက အစ်ကို တစ်ယောက်အနေနဲ့တောင်းဆိုတာပါ မင်းတို့ အခုချစ်တယ်ဆိုတာ ခဏတာပဲ ဖြစ်မှာပါ မင်းစဉ်းစားကြည့်လေ hunnie ကို ပတ်ဝန်းကျင်က လက်ညှိုး ဝိုင်းထိုးကြမှာကို မင်းကြည့်ရက်လား ငါတော့ မကြည့်ရက်ဘူး မင်းငါ့ကို နားလည်ပေးပါကွာ ''
'' ---"
"မင်း နာလည်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ် ဒါဆို hyung ကို သွားခွင့်ပြုပါဦး ''
