ခရီးဆောင်အိတ်လေးအားကားထိုင်ခုံ အပေါ်အထပ်ကလေးပေါ် တင်လိုက်သည် . ပြီးနောက် ကားမှန်ဘက်နား ထိုင်လိုက်ပြီး
''အားလုံးပြီးသွားပြီ ကလေးရယ် ပျော်ပျော်နေရစ်ခဲ့ပါ ဒီကောင်ကို မေ့လိုက်ပါတော့ ''
Yixing တစ်ယောက် နှုတ်မှ တိုးညှင်းစွာ ရေရွတ်ရင်း JD အကြောင်း တစ်စွန်းတစ်စက ခေါင်းထဲပေါ်လာသေးတယ်. မီးဖိုချောင်ထဲမှာ တိတ်တိတ်လေးငိုခဲ့တာလေး , မိုးရေထဲအတူပြေးခဲ့ကြပုံတွေ , သူများကိုစနောက်ပြီး ပြုံးရယ်နေတဲ့ ပုံစံလေး . လက်ထိခိုက်မိတုန်းက ထမင်းစားပုံလေးတွေ အစီအရီ ခေါင်းထဲမှာ ဖြတ်ပြေးနေတော့ နာကျင်စပြုသော ဘယ်ဘက်ရင်အုံလေးကိုဖိကာ ကျလာတဲ့မျက်ရည်ကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်တယ် .
ထမြည်လာတဲ့ ph လေးကို ကြည့်လိုက်တော့
''Sehun!!! ''
ဖုန်းကို power off လိုက်သည် . ကားထွက်ဖို့ကလဲ 3မိနစ်လောက်သာ လိုတော့သည် .
*******-------*******ဖုန်းဆက်နေပေမယ့် မကိုင် . ကားဂိတ်တွင် ဟိုပြေးဒီပြေး လိုက်ရှာနေတာလဲ ကြာနေပြီ အရိပ်အယောင်တောင်မတွေ့ရသေး .
''arrr!! ဒီ hyungတော့ ''
တစ်ချိန်တည်းမှာပဲ ပြေးလွှားနေတဲ့ Sehunကို Yixing ကားပေါ်မှ လှစ်ခနဲ တွေ့လိုက်သည် ... Sehun ကလည်း ကားမှန်ဘောင်ကနေ လှမ်းမြင်လိုက်တော့
''Hyung !!"
ပြေးသွားလိုက်ချိန် ကားထွက်ချိန်ဖြစ်သောကြောင့် ကားက စတင်လှုပ်ရှားလာသည် . ကားစထွက်တော့ Sehun ပြေးလိုက်ပြီး မှန်ကို ပုတ်ကာ ပြောနေပေမယ့် အပြင်ကဆိုတော့ Yixing မကြားရ .
မျက်လုံးစုံမှိတ်ပြီး ထွက်သွားလိုက်ချင်ပေမယ့် ဘာလို့ အလောတကြီး လာခေါ်နေမှန်းမသိ . JD များ!!!!!. အသိစိတ်က တားမြစ်နေပေမယ့် နှလုံးသားက ထွက်ခွာခွင့်မပေးလေတော့
''Arjushi !! ခဏရပ်ပေးပါ ''
အထုပ်ကလေးယူကာ ပြေးဆင်းလာလိုက်မိသည် .
''hyung !! ကယ်ပါဦး Jongdaeလေ ''
''wae??? သူ ဘာဖြစ်လို့လဲ ''
''Jongdae ပျောက်သွားတယ် !"
"~ဘာာ!"
ကြားလိုက်ရတဲ့ စကားက ရင်ထဲ စောင့်တက်သွားတယ် . ဆေးရုံမှာ ရှိနေရမယ့် ကလေးက ဘယ်ရောက်သွားရတာလဲ ...
********-----------******