****Part 1****

9K 904 30
                                    

PLAYERS

နှိုးစက်​ ရဲ့ တ​ဒေါင်​​ဒေါင်​ မြည်​နေတဲ့ အသံ​ကြောင့်​ Jongin အိပ်​ရာ ​ပေါ်က​နေ အမြန်​ ထထိုင်​လိုက်​သည်​ သူက စည်းကမ်း ကြီးတဲ့ အဘိုး လက်​​အောက်​မှာ ​နေခဲ့ ရသူ တစ်​​ယောက်​မို့ ​ တချို့ အကျင့်​​တွေဆို ခေါက်​ရိုး ကျိုး ​နေပြီ​လေ

တစ်​​ယောက်​ အိပ်​ ခုတင်​​လေး က​နေ ထကာ ဟိုဘက်​ ကို ကြည့်​လိုက်​​တော့

Chan Yeol ကို အပီ အပြင်​ခွကာ အိပ်​​နေတဲ့ Sehun ပုံစံက က​လေး တစ်​​ယောက်​လိုပင်​ Chan Yeol ကလည်း သူ့က​လေး လွတ်​သွား မှာ စိုးသည့်​ အလား ဖက်​ထား တာများ ......အခုလို အိပ်​​နေတုန်း သာ တည်​​နေကြတာ ညက​တော့ ​ဘောလုံးပွဲ ကြည့်​ရင်း ၂​ယောက်​ သတ်​ကြတာ သူ အမှတ်​ ရ​နေ​သေးသည်

အိပ်​ရာ​ပေါ်က​နေ ထရင်း ​စောင်​ကို​ခေါက်​ပြီး အားကစား ၀တ်​စုံ ကို ယုကာ ​ရေချိုး ခန်းထဲ ၀င်​လာခဲ့သည်​ ​စော​စော စီးစီး ကျန်းမာ​ရေး လိုက်​စား တယ်​ ဆိုတာ ​ကောင်းတဲ့ အ​လေ့ အကျင့်​ ဆိုပြီး ဘိုးဘိုး က နားထဲ ရိုက်​သွင်း ထားပြီးသား

ပြင်​ဆင်​ပြီး​တော့ ​အောက်​ဆင်း လာတဲ့ အထိ တစ်​​ယောက်​ တစ်​​လေမှ မနိုး ကြ​သေးးး အ​ဆောင်​ ၂ ရဲ့ ​အောက်​ထပ်​ ကို​ရောက်​​တော့ ပြိုင်​ဘီး အနီရဲရဲ ​လေး ကို ​တွေ့တာနဲ့ သူပြုံးမိသွားသည်​ ဘိုးဘိုး ကတိတည်​သားဘဲ

ပြိုင်​ဘီး ​လေးကို ယူကာ လတ်​စပ်​တဲ့ ​လေကို ရူရင်း ​ကျောင်းထဲ ပတ်​​မောင်း ​နေမိသည်​..သူ အရမ်း သွားချင်​​နေတဲ့ ပန်းခြံ​လေးထဲ​ရောက်​​တော့

ကလင်​ ကလင်

Jongin နှိပ်​လိုက်​​ပေမယ့်​ ​ရှေ့က ကိုယ်​​တော်​​ချောက လုံးဝ မကြား Earphone ကို နားမှာ တပ်​ကာ သီချင်း ညီး ​နေတဲ့ပုံက တစ်​​လောက လုံး ကို သူ အပိုင်​ စီး ရထားသည်​ အတိုင်းပင်

ကလင်​ ကလင်

ဒါ ဒုတိယ အကြိမ်​​မြောက်​ သူသွားမည့်​ လမ်းမှာ ပိတ်​​နေတာ​ကြောင့်​ သူ အနည်း ငယ်​​တော့ စိတ်​တို လာသည်

Ok ​လေ Third Time ​ပေါ့

ကလင်​ ကလင်​ ဒါ ​နောက်​ဆုံး အကြိမ်​ သူ တီး လိုက်​ခြင်းပင်​ တစ်​ဖက်​ လူက ​နောက်​ကို လုံးဝ လှည့်​မကြည့်​ဘဲ တစ်​လှမ်း ခြင်း ​လျောက်​​နေတာ​ကြောင့်​ သူအသာ​လေး ၀င်​တိုး လိုက်​​တော့

PLAYERS(Z+U)Where stories live. Discover now