You are in my trap Kim JonginKyung Soo သူ ပြုံးရင်း စိတ်ထဲကနေ ပြောလိုက်မိသည် Kim Jongin ကတော့ ဘာမှ မရိပ်မိပါဘဲ သူ့ကို ကားပေါ် တင်ကာ ခါးပတ် ကို ပတ်ပေးရင်း ပါးကို တစ်ချက် ရွတ်ခနဲ့ နမ်းသွားသေးသည် Kyung Soo သူ ပူနွေးနွေး ဖြစ်နေသည့် ပါးတစ်ဖက် ကို ကိုင်ကာ Kim Jongin အား မျက်စောင်း ပိတ်ထိုးလိုက်သည်
~ ဆင်းလို့ ရပြီ
Jongin က ကား ပါကင် မှာ ကားကို ထိုးရပ်တော့ Kyung Soo ဘေးဘီ ကို ကြည့်မိသည် Jongin ရပ်လိုက်တဲ့ နေရာ က Garden တစ်ခု မှာ ရှိနေတဲ့ တိတ်ဆိတ်နေတဲ့ စားသောက်ဆိုင်လေး
Kyung Soo လက်ကို ဆွဲကာ ခေါ်သွားသည့် သူ့ကြောင့် သူ ဘာမှ မမေး ဘဲ အနောက်ကနေ အသာ လိုက်လာ ခဲ့သည် Kyung Soo ကို ခုံမှာ ထိုင်ခိုင်းပြီး အစား အသောက်တွေ မှာပြီးသည့် အထိ ဘာစကား မှမဆိုကြသေး
~ Kyung Soo
ရုတ်တရက်ကြီး နူးညံ့စွာ ခေါ်ပြီး ဒူးထောက်လိုက်သည့် Jongin ကြောင့် Kyung Soo မျက်လုံးပြူး သွားသည်
~ Will You Marry Me?
Jongin ရဲ့ စကား သံကြောင့် Kyung Soo ရင်တွေ တောင် ခုန်သွားလေရဲ့ အသည်းပုံ နှုတ်ခမ်း ထက်မှာ လှပစွာ ပြုံးလိုက်သည် သူ စောင့်နေခဲ့တာ သူ ရယူ ချင်ခဲ့တာ ဒီ အချိန် မဟုတ်လား
~ Kim Jong In ?? ငါတို့က
~ မေ့လိုက်ကြရအောင် ကိုယ်တို့ အကြား က ပြိုင်ပွဲတွေ အကြောင်းကို မေ့ထား လိုက်ရအောင် Kyung Soo ah ~ ကိုယ် မင်းကို အရမ်း ချစ်တယ် ဆုံးရှုံးရမှာ ကိုလည်း သေမလို ကြောက်တယ်
Jongin ရဲ့ ၀န်ခံ စကား ကိုကြားလိုက်ရတော့ Kyung Soo ဘာလို့ မှန်း မသိ ပြုံးမိသွားသည်
~ မင်းက ပိုချစ်ကြောင်း ကို လက်ထပ်ခွင့် တောင်းပြီး သက်သေ ပြတာလား
~ ပိုချစ်တာက ဟုတ်တယ် ဒါမယ့် အခုလက်ထပ်ခွင့်က ပြိုင်ပွဲနဲ့ မဆိုင်ဘူး ဒါ နှလုံးသားရဲ့ တောင်းဆိုမှု့
~ ငါက လည်း မင်းကို ပိုချစ်ကြောင်းကို ပြန်ပြီး သက်သေပြရမှာပေါ့
~ ဘယ်လို
~ မင်းရဲ့ လက်ထပ်ခွင့် ကို ငါ လက်ခံတယ်
YOU ARE READING
PLAYERS(Z+U)
FanfictionZawgyi + Unicode အရာရာ တိုင်း ပြိုင်ဆိုင်မှု့တွေ ပြင်းထန်နေတဲ့ သူတို ့ ၂ယောက် အကြား တံခါးမခေါက်ဘဲ အချစ်ဆိုတဲ့ အရာ ၀င်ရောက်လာသော အခါ (DiKa/KAISOO) Cover Photo လန်းလန်းလေး လုပ်ပေးတဲ့ Real Tet (Thaeei Toun) ကိုလည်း ကျေးဇူးပါလို...