( အားလုံးကို ချစ်လို့ တင်ပေး တာနော် ❤Sweet ပေးထားတာ မို့ ဖတ်ရင် ပါးစပ်လေးတွေ စေ့ထားကြပါလို့ 😂😂)
Kyung Soo တစ်ယောက်ညက Jongin ရင်ခွင်ထဲ မို့လား မသိ တအား ကို အိပ်ကောင်း ခဲ့တာ မို့ အခု မနက်ကို တော်တော်နေမြင့် မှ နိုးတော့သည်
~ Jongin
ဘေးက နေရာ ကို စမ်းကြည့်တော့ မရှိတာကြောင့် သူ အိပ်ချင်နေတဲ့ မျက်လုံးလေး တွေ ကိုပြူးကာ မျက်နှာသစ်ပြီး အောက်ဆင်း ခဲ့လေသည်
သူလည်း အောက်ထပ်ရောက်ရော Apron ကြီးနဲ့ မီးဖို ခန်းထဲ ချက်ပြုတ် နေတဲ့ Jongin ရယ်ပါ
Morning Jongin
အနောက်ကနေ ပြေးကာ Jongin ကျောပြင် ကို ခပ်တင်းတင်း လေး ဖက်ရင်း မျက်နှာကို ကျောပြင်မှာ အပ်ကာ Jongin ကိုယ်သင်း နံ့လေးကို မွှေးနေမိသည်
~ Morning Kyung Soo နိုးပြီလား အိပ်ရေး ဝရဲ့လား
~အိပ်ရေး ကတော့ ဝပါနဲ့ နှုတ်ခမ်းတွေ နာနေတာက လွဲလို့
Kyung Soo အနောက်ကနေ နှုတ်ခမ်းလေး ဆူကာ ပြောလေတော့ Jongin က တဟားဟား ရယ်လေရဲ့ ရယ်မှာပေါ့ သူက သဘော တကျ ကို ရယ်တာရယ် ညက Kyung Soo ကို အတင်း ချုပ်ထားပြီး ညနက်သည် အထိ နှုတ်ခမ်း တွေကို တဇွတ်ထိုး နမ်းနေခဲ့ သည် မဟုတ်လား
~ အာ နောက်ကျ တော့မယ် Company သွားရမှာကို
Kyung Soo တစ်ယောက် သတိရသွားကာဖက်ထား တာ ကို ဖယ်လိုက်ရင်း ခုံမှာထိုင်ကာ မုန့် စားဖို့ ပြင်လိုက်တော့ Jongin က သူ့ လက်ကောက် ဝတ်ကို ဆွဲကာ ရုတ်တရက် ပွေ့ချီလေသည်
~ ဘာလဲ ဘာလုပ်တာလဲ
Kyung Soo မေးတော့ သူက ခုံပေါ် မှာထိုင် Kyung Soo ကို စားပွဲ ပေါ် မှာ ထိုင်စေပြီး မျက်နှာချင်း ဆိုင် စိုက်ကြည့် ကာ
~ No 1 Kyung Soo ဒီကနေ့ က စပြီး Company မသွားရတော့ဘူး
~ ဘာ ဘာဆိုင်လဲ
Kyung Soo ပြန်မေးကာ ထရပ်ဖို့ ပြင်တော့ Jonginက လက်တွေ ကို ချုပ်ထားရင်း
YOU ARE READING
PLAYERS(Z+U)
FanfictionZawgyi + Unicode အရာရာ တိုင်း ပြိုင်ဆိုင်မှု့တွေ ပြင်းထန်နေတဲ့ သူတို ့ ၂ယောက် အကြား တံခါးမခေါက်ဘဲ အချစ်ဆိုတဲ့ အရာ ၀င်ရောက်လာသော အခါ (DiKa/KAISOO) Cover Photo လန်းလန်းလေး လုပ်ပေးတဲ့ Real Tet (Thaeei Toun) ကိုလည်း ကျေးဇူးပါလို...