PLAYERS
Kyung Soo တို့ အတန်းထဲ လည်း ရောက်ရော သူတို့ အဆောင် ၁ က Vocal ကျောင်းသား တွေ အကုန် သူတို့နားရောက်လာကြသည်
~ သိပြီးကြပီလား Sunbae တို့ ဒီအပတ်အတွက် Title က ပြဇာတ် တစ်ပုဒ်တဲ့
~ ပြဇာတ်
ပြဇာတ် ဆိုတဲ့ အသံကြောင့် Kyung Soo အံ့သြ သွားသည် ဒါပေမယ့် သူ့မှာ အကြံကောင်း တစ်ခု ရှိတာကြောင့် ပြုံးလိုက်ရင်း
~ Ok လေ ရတယ် ဘာနေနေ ဒီပွဲမှာ ငါတို့ နိုင်စေ ရမယ် အနိုင် လည်း ရသလို ဟိုတစ်ယောက် ကိုလည်း စိတ်လှုပ်ရှားအောင် လုပ်ပြမယ်
~ ဆိုလိုတာက
~ Top Secret မကြာခင်မှာ အကုန် သိရမယ်
Kyung Soo ပြောရင်း သူ့ နေရာ သူ ပြန်ထိုင်လိုက်သည် ဒီတစ်ခါ ပွဲကိုတော့ သူလုံးဝ မရှုံးစေရ အဲ့လို မရှုံး ရအောင်လည်း သူ့မှာ Idea တစ်ခု ရထားပြီးသား
~~~~~~~~××××××××~~~~~~~~
~ Canteen မှာ တစ်ခုခု ဖြစ်နေကြတာလား
Jongin တို့ အုပ်စု Canteen ကို လာတုန်း Canteen မှာ လူတွေအုံနေတာကြောင့် Sehun က ပြောလိုက်ခြင်းပင်
Sehun အပြောကြောင့် Jongin လည်း တစ်ချက် ကြည့်လိုက်ရင်း
~ အဆောင် ၁ က ဟိုအုပ်စု နေမှာပေါ့
ခပ်တိုးတိုး ပြောရင်း သူတို့ Canteen ထဲဝင်လာကြသည် Canteen ထဲလည်း သူတို့ ဝင်ရော ဟေး ခနဲ့ အော်သံနဲ့ အတူ သူတို့ အနား ရောက်လာ ကြကာ အဆောင် ၁ က ကျောင်းသား ၂ယောက်က ဘေးနားက Jongin သူငယ်ချင်းတွေကို တွန်းဖယ်ရင်း Jongin လက်ကို ဆွဲကာ Kyung Soo ထိုင်နေရာ ဝိုင်းဆီ ခေါ်လာခဲ့သည်
~ ဒီမှာ ဘာတွေ ဖြစ်လို့
Jongin အမေး မဆုံးခင် Kyung Soo ကအပြုံးလေးနဲ့ သူ့လက် ကို ဆွဲကာ သူ့ကို ထိုင်ခိုင်းပြီး
~ ငါတို့ ၂ယောက် ရည်းစား ဖြစ်တဲ့ အနေနဲ့ သူတို့ကို ကျွေးမို့လေ အဲဒါ အထိမ်း အမှတ် တစ်ခုပေါ့နော်
Kyung Soo က ပြောလည်းပြော လက်ဖြောက်တစ်ချက် လည်း တီးရင်း
* ကြိုက်တာ အကုန်မှာစားကြနော် ပြီးတော့ အဝသာဆွဲ ဟောဒီက Jongin က ရည်းစား ဖြစ်တဲ့ အထိမ်း အမှတ်အနေနဲ့ ဒကာ ခံမှာတဲ့ *
YOU ARE READING
PLAYERS(Z+U)
FanfictionZawgyi + Unicode အရာရာ တိုင်း ပြိုင်ဆိုင်မှု့တွေ ပြင်းထန်နေတဲ့ သူတို ့ ၂ယောက် အကြား တံခါးမခေါက်ဘဲ အချစ်ဆိုတဲ့ အရာ ၀င်ရောက်လာသော အခါ (DiKa/KAISOO) Cover Photo လန်းလန်းလေး လုပ်ပေးတဲ့ Real Tet (Thaeei Toun) ကိုလည်း ကျေးဇူးပါလို...